images/SVG/close-icon_white

ပါဝင်ပုံနှင့်ဖယ်ထွက်နေပုံ

1. ကျွန်ုပ်တို့၏ သတင်းလွှာတွင် ပါဝင်ရန် သင်သည် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်မှ  www.gameloft.com မှတစ်ဆင့် စာရင်းသွင်းနိုင်ပါသည်။ ဖယ်ထွက်နေရန်  https://www.gameloft.com/zz/un-subscription-page.

သို့ သွားပါ။

2. ကျွန်ုပ်တို့၏ စတိုး/ဆိုင်ဝန်ဆောင်မှုများတွင် ပါဝင်ရန် ကျွန်ုပ်တို့၏ စတိုး  www.gameloft.com စာရင်းသွင်းထားခြင်းမှ နုတ်ထွက်ရန် ဤပုံစံကို အသုံးပြု၍ တောင်းဆိုချက်ကို ပေးပို့ပါ- https://www.gameloft.com/distribution-contact

3. သင်၏ယခင်သဘောတူညီချက်အရ Gameloft LIVE! အကောင့်မှတစ်ဆင့် Gameloft မှကြည့်ရှုခွင့်ရှိသည့် ပုဂ္ဂလိကအချက်များအားလုံးကို ဖယ်ရှားလိုပါက PrivacyPolicyGameloft@gameloft.com သို့ တောင်းဆိုချက်တစ်ခုပေးပို့ပါ။

4. ကျွန်ုပ်တို့၏ SMS ဝန်ဆောင်မှုမှ ဖယ်ထွက်နေရန် 84149 သို့ “ရပ်” ဟု စာသားပေးပို့ပါက သင်သည် ကျွန်ုပ်တို့၏ SMS ဝန်ဆောင်မှုမှ စာသားပေးပို့မှုဝန်ဆောင်မှုများမှ ချက်ချင်း သင့်အမည်စာရင်းကို ဖျက်သွားမည်ဖြစ်သည်။ သင့်အား စာရင်းမှဖျက်ပြီးဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ဝက်ဘ်ဆိုက်တွင် ထပ်မံစာရင်းမသွင်းမချင်း အခြားမက်ဆေ့ချ်များကို လက်ခံရရှိမည်မဟုတ်ကြောင်း အတည်ပြုထားသည့် SMS တစ်စောင် သင့်ထံပေးပို့သွားမည်ဖြစ်သည်။

အကူအညီရရှိပုံ သို့မဟုတ် ပံ့ပိုးမှုရရှိပုံ  အကူအညီရရှိရန် ကျွန်ုပ်တို့ထံ အီးမေးလ်ပေးပို့ပါ -at support@gameloft.com, သို့မဟုတ် 1-800-910-3186 ရှိ ကျွန်ုပ်တို့၏ အခမဲ့အဝေးပြောဖုန်းသို့ ဆက်သွယ်ပါ။ သင်၏ မိုဘိုင်းဖုန်းမှတစ်ဆင့် မည်သည့်အချိန်တွင်မဆို 84149 သို့ကူညီပါ စာသားပေးပို့ခြင်းဖြင့် ကျွန်ုပ်တို့၏ ဆက်သွယ်ရမည့်အချက်အလက်များကို တောင်းခံနိုင်ပါသည်။

ဝန်ဆောင်ခများ -  သင်၏ သီးခြားမိုဘိုင်းဝန်ဆောင်မှုအစီအစဉ်များပေါ်မူတည်၍ မက်ဆေ့ချ်နှင့် ဒေတာနှုန်းထားများနှင့် သက်ဆိုင်နိုင်သည်။ Gameloft သည် ဂိမ်းတစ်ခါဝယ်လျှင် သို့မဟုတ် T-Mobile တွင် စာရင်းသွင်းခြင်းအတွက် $4.99 ကောက်ခံပါမည်။ ဤကျသင့်မှုများကို သင့်မိုဘိုင်းဖုန်းဘေကျသင့်ငွေတောင်းခံလွှာတွင် ထည့်သွင်း ကောက်ခံမည် သို့မဟုတ် သင်ကြိုတင်ပေးချေထားသော လက်ကျန်ငွေမှတစ်ဆင့် ဖြတ်တောက်ပါမည်။ ၎င်းတို့သည် သင့်မိုဘိုင်းဖုန်းကျသင့်ငွေတောင်းခံလွှာရှိ “Gameloft”၏ အောက်တွင် ရောက်ရှိပါမည်။ ပါဝင်လျက်ရှိသော ကုမ္ပဏီများစာရင်း - AT&T, Sprint, T-Mobile®, Virgin Mobile, NTelos, Cincinnati Bell, U.S. Cellular, and Cellcom.

Gameloft Inc. (“ကျွန်ုပ်တို့သည်”, “ကျွန်ုပ်တို့၏” သို့မဟုတ် “ကျွန်ုပ်တို့ကို”) သည် Gameloft ဝက်ဘ်ဆိုက် (“ဆိုက်”)ကို စီမံလည်ပတ်လျက်ရှိပြီး အမျိုးမျိုးသော အပ်များ၊ ဂိမ်းများနှင့် လူမှုကွန်ရက်များ (“အပ်ပလီကေးရှင်းများ”)ကို ပံ့ပိုးပေးလျက်ရှိကာ အခြားထူးခြားအင်္ဂါရပ်များ၊ အကြောင်းအရာများ သို့မဟုတ် ပြိုင်ပွဲများ (စုပေါင်း၍ “အပိုဆောင်းထူးခြားအင်္ဂါရပ်များ) ကို အချိန်နှင့်အလိုက် တင်ပြပေးလျက်ရှိသည်( ဆိုက်၊ အပ်ပလီကေးရှင်းနှင့် အပိုဆောင်း အင်္ဂါရပ်များကို ဤနေရာမှစ၍ တစ်ခါတစ်ရံစုပေါင်းပြီး “ဝန်ဆောင်မှုများ”ဟု ရည်ညွှန်းသွားမည်ဖြစ်သည်။

ဤသုံးစွဲပုံစည်းကမ်းချက်များ (“သဘောတူညီချက်”)တွင် လက်ခံနိုင်သည့်ဝန်ဆောင်မှုအသုံးပြုမှုအတွက် ကျွန်ုပ်တို့၏ မူဝါဒ ပါဝင်ပြီး ဝန်ဆောင်မှုအသုံးပြုမှုနှင့် စပ်လျဉ်း၍ သင်တို့၏ အခွင့်အရေးများ၊ ဝတ္တရားများနှင့် ကန့်သတ်ချက်များအပေါ်ထိန်းချုပ်ထားသည်။ သင်သည် သက်ဆိုင်ရာဥပဒေများနှင့် ဤသဘောတူညီချက်ကို လိုက်နာမည်ဟု သဘောတူညီမှသာလျှင် ဝန်ဆောင်မှုများ အသုံးပြုခွင့်ရှိမည်ဖြစ်သည်။ ဝန်ဆောင်မှုများ အသုံးပြုခြင်းဖြင့် သင်သည် ဤသဘောတူညီချက်၏ထိန်းချုပ်မှုအောက် ရောက်ရှိမည်ဖြစ်သည်။

သင်၏ကိုယ်ရေးလုံခြုံမှုသည် ကျွန်ုပ်တို့အတွက် အရေးကြီးသည်ဖြစ်၍ ဤသဘောတူစာချုပ်တွင် ဤအကိုးအကားအားဖြင့် ကျွန်ုပ်တို့၏ကိုယ်ရေးလုံခြုံမှု မူဝါဒ (https://www.gameloft.com/privacy-notice) ကိုလည်း ထည့်သွင်းဖော်ပြထားပြီး ၎င်းတွင် ကျွန်ုပ်တို့ သင်၏အကြောင်းအရာနှင့် အချက်အလက်များကို မည်သို့စုဆောင်းအသုံးချမည်ကို ရှင်းပြထားပါသည်။ ကိုယ်ရေးလုံခြုံမှုမူဝါဒကို ကျေးဇူးပြု၍ ဖတ်ရှုပါ။

ဝန်ဆောင်မှုများ ရယူခွင့်နှင့်အသုံးပြုခွင့်တို့တွင် သင်သည် စာချုပ်တစ်ခုဖြင့်စည်းနှောင်နိုင်မည့် ဥပဒေအရ အသက်ပြည့်သူဖြစ်ကြောင်း တင်ပြခြင်းနှင့် အာမခံခြင်းတို့ပါဝင်သည်။ ဥပဒေအရအသက်ပြည့်သူမဟုတ်ပါက မိဘ သို့မဟုတ် ဥပဒေအရ အုပ်ထိန်းသူတစ်ဦး၏ ခွင့်ပြုချက်ဖြင့် သင်၏ ဝန်ဆောင်မှုများ ရယူခွင့်နှင့် အသုံးပြုခွင့်တို့ကို ပြုလုပ်ရမည်ဖြစ်ပြီး သင်သည် မည်သည့် ဒေသတွင်း၊ ပြည်နယ်တွင်း သို့မဟုတ် အစိုးရ သို့မဟုတ် နိုင်ငံတကာ ဥပဒေတစ်ခုခုအရ ဝန်ဆောင်မှုများ အသုံးပြုခြင်း သို့မဟုတ် လက်ခံရယူခြင်းမှ တားဆီးခံထားရသူမဖြစ်ရပါ။

အချို့ဝန်ဆောင်မှုများတွင် ပါဝင်ရန် သင်သည် အပိုဆောင်း သတ်မှတ်ချက်များနှင့် အခြေအနေများကို သဘောတူညီရန် လိုအပ်ကြောင်း အကြောင်းကြားနိုင်သည်။ အဆိုပါ အပိုဆောင်းသတ်မှတ်ခြားများကို ဤကိုးကားချက်အရ ဤသဘောတူညီချက်အတွင်း ထည့်သွင်းထားသော်လည်း အဆိုပါ အပိုဆောင်း သတ်မှတ်ချက်များနှင့် အခြေအနေများသည် သက်ဆိုင်ရာ ဝန်ဆောင်မှုတစ်ခုအတွက်သာ သီးခြားသက်ဆိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့သည် ဤသဘောတူညီချက်ကို အချိန်ကာလအလိုက် ပြင်ဆင်မွမ်းမံနေမည်ဖြစ်ပြီး အဆိုပါ ပြင်ဆင်မွမ်းမံမှုများသည် ဝန်ဆောင်မှုများစတင်သည့်အခါတွင် အကျိုးသက်ရောက်မည်ဖြစ်သည်။ အဆိုပါပြင်ဆင်မှုတစ်ခုခုပြုလုပ်ပြီးနောက် သင်၏အခြားဝန်ဆောင်မှုအသုံးပြုမှုများအားဖြင့် အဆိုပါ ပြင်ဆင်မှု တစ်ခုခုအပေါ် သဘောတူညီရမည်ဖြစ်သည်။ ထို့ကြောင့် အပြောင်းအလဲတစ်ခုခုကို မပြတ်သိရှိနေစေရန် ဤသဘောတူညီချက်ကို ပုံမှန်စစ်ဆေးကြည့်ရှုရန် အရေးကြီးသည်။ သင်သည် ပြင်ဆင်ချက်များကို သဘောမတူပါက ကျေးဇူးပြု၍ ဝန်ဆောင်မှုအသုံးပြုမှုများကို ချက်ချင်းရပ်တန့်ပါ။

 

I. သင့်အကောင့် / စကားဝှက်လုံခြုံရေး / ဆိုင်းငံ့ခြင်း၊ ရပ်ဆိုင်းခြင်း

သင်သည် အပ်ပလီကေးရှင်းများကို ပထမဆုံးအကြိမ်အသုံးပြုသည့်အခါ သင့်အသက်အရွယ်ကို ဖော်ပြရန် တောင်းဆိုခံရနိုင်သည်။ သင်၏ ဂိမ်းအတွေ့အကြုံနှင့်တသားတည်းဖြစ်စေရန် ကျွန်ုပ်တို့လိုအပ်ခြင်းဖြစ်သည်ဟု ယူဆစေလိုပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အပ်ပလီကေးရှင်းများကို အသက်ကန့်သတ်ချက်အချို့ရှိနိုင်ပြီး ကျွန်ုပ်တို့၏ အပ်ပလီကေးရှင်းအချို့သည် အသက် (13) နှစ်နှင့် အထက်လိုအပ်သည်ကို သင်သဘောတူပြီး အသိအမှတ်ပြုရန်လိုအပ်သည်။

ဝန်ဆောင်မှုများ၏ အင်္ဂါရပ်အချို့မှ အကျိုးကျေးဇူးရရှိစေရန် သင်သည်အကောင့်တစ်ခု ('အကောင့်'တစ်ခု) ကို စာရင်းသွင်းရန် လိုအပ်နိုင်သည်။ အကောင့်တစ်ခုကို ဖန်တီးသည့်အခါ သို့မဟုတ် အဆင့်မြှင့်သည့်အခါ သင်သည် သင့်အမည်၊ မွေးနေ့၊ အီးမေးလ်လိပ်စာနှင့် အချို့ဖြစ်ရပ်များတွင် ငွေပေးချေမှုဆိုင်ရာ အချက်အလက်များပါဝင်သည့် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်အချို့ကို ကျွန်ုပ်တို့အားပေးရန် လိုအပ်နိုင်သည်။ ဤအချက်အလက်များကို ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒ  https://www.gameloft.com/privacy-notice နှင့်အညီ ကိုင်တွယ်အသုံးပြုသွားမည်ဖြစ်ပါသည်။

သင်သည် ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးအကောင့်တစ်ခုအား မည်သည့်အခါမှ မသုံးပါနှင့်။ သင်သည် အကောင့်တစ်ခုထက်ပို၍ ဖန်တီး၍မရပါ။ သင့်တွင် ယခင်က ပိတ်ခံခဲ့ရသည့် အကောင့်တစ်ခုရှိလျှင် အကောင့်သစ်တစ်ခု စာရင်းသွင်းခြင်းကို တားမြစ်ပါသည်။

သင်သည် (i) စာရင်းသွင်းရန်လိုအပ်သော မည်သည့်ဝန်ဆောင်မှုကိုမဆို အသုံးပြုရန် ဖန်တီးထားသော မည်သည့်စကားဝှက်ကိုမဆို လျှို့ဝှက်ထားရန်နှင့် (ii) သင်၏ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းစက်အား အသုံးပြုခွင့်ကန့်သတ်ထားရန် တာဝန်ရှိပါသည်။ သင်သည် သင့်အကောင့်တွင် ဖြစ်ပေါ်သော လှုပ်ရှားမှုအားလုံးအတွက် အပြည့်အဝတာဝန်ယူရန် သဘောတူညီရပါမည်။ လုံခြုံရေးချိုးဖောက်မှုတစ်ခုခု သို့မဟုတ် သင့်အကောင့်အား အခွင့်မရှိဘဲ သုံးစွဲမှုတစ်ခုရှိပါက ကျွန်ုပ်တို့ထံ ချက်ချင်းအကြောင်းကြားရမည်။

သင်သိလျက်ဖြစ်စေ၊ သင်မသိရှိဘဲဖြစ်စေ သင့်အကောင့်အား အခွင့်မရှိအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် မည်သည့်ဆုံးရှုံးမှုအတွက်မဆို ကျွန်ုပ်တို့တွင် တာဝန်မရှိသော်လည်း အဆိုပါအခွင့်မရှိဘဲ အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသော ကျွန်ုပ်တို့၏ ဆုံးရှုံးမှု၊ ကျွန်ုပ်တို့၏ ကြားခံလိုင်စင်ကုမ္ပဏီများ၊ အချက်အလက်ပံ့ပိုးသူများ၊ ကုန်သည်များ၊ ကြော်ငြာရှင်များ၊ စပွန်ဆာပေးသူများနှင့် ဝန်ဆောင်မှု ပံ့ပိုးပေးသူများ (စုပေါင်းခေါ်ရလျှင် “Gameloft ပံ့ပိုးသူများ') ၏ ဆုံးရှုံးမှုများအတွက် သင့်တွင် တာဝန်ရှိနိုင်သည်။

ဤသဘောတူညီချက်တွင် မည်သည်ကိုမှ ကန့်သတ်မထားဘဲ ဝန်ဆောင်မှုများ၏ သွင်ပြင်တစ်ရပ်ရပ် ပေးအပ်နေခြင်းအား ကျွန်ုပ်တို့မှ ရပ်တန့်လိုက်သည့်ဖြစ်ရပ် အပါအဝင် သင့်အကောင့်နှင့်/သို့မဟုတ် ဝန်ဆောင်မှု အစိတ်အပိုင်းတစ်ခုခု သို့မဟုတ် အားလုံးကို မည်သည့်အချိန်တွင်မဆို အကြောင်းပြချက်တစ်ခုခုကြောင့် သို့မဟုတ် အကြောင်းပြချက်မရှိဘဲ၊ ကြိုတင်အသိပေး၍သော်လည်းကောင်း၊ ကြိုတင်အသိမပေးဘဲသော်လည်းကောင်း၊ပေးဆပ်ရန် တာဝန်မရှိဘဲ ကျွန်ုပ်တို့တွင် ကန့်သတ်ခွင့်၊ ဆိုင်းငံ့ခွင့် သို့မဟုတ် ပိတ်သိမ်းခွင့်များမှာ ကျွန်ုပ်တို့ တစ်ဦးတည်း၏ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် သင်သည် ဤသဘောတူညီချက်ပါ စည်းကမ်းချက်တစ်ခုခုကို ချိုးဖောက်သည်ဟု ကျွန်ုပ်တို့ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်လိုက်ပါက သင်၏ ဝန်ဆောင်မှုများမှ အစိတ်အပိုင်းတစ်ခုခု ရရှိအသုံးပြုခွင့်ကို ကျွန်ုပ်တို့မှ ကန့်သတ်ခွင့်၊ ဆိုင်းငံ့ခွင့်နှင့်/ ပိတ်သိမ်းခွင့်တို့ရှိကြောင်း တိတိကျကျဖော်ပြထားပါသည်။

 

II. ဝယ်ယူခြင်း/ပေးချေခြင်း/ငွေပြန်အမ်းခြင်း/

ကျွန်ုပ်တို့သည် လစဉ်ကြေးပေးသွင်းခြင်း၊ အပ်ပလီကေးရှင်းများ ဒေါင်းလုတ်ဆွဲခြင်းနှင့် Virtual Items (အောက်တွင် အဓိပ္ပါယ်ဖော်ပြထား) ဝယ်ယူခြင်းတို့အပါအဝင် ကန့်သတ်မထားဘဲ အချို့ဝန်ဆောင်မှုများနှင့် ဆက်စပ်နေသောဝန်ဆောင်ခများကို ကောက်ခံမည်ဖြစ်သည်။ အဆိုပါ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အပ်ပလီကေးရှင်းအတွင်း သို့မဟုတ် ဝန်ဆောင်မှုများမှတစ်ဆင့် ဖော်ပြထားသည့်အတိုင်း ဆိုက်၏ သက်ဆိုင်ရာစာမျက်နှာများပေါ်တွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Gameloft မှ ဝန်ဆောင်ခ အပြောင်းအလဲရှိပါက Gameloft သည် အဆိုပါ ပြောင်းလဲမှုအတွက် စီးပွားရေးအရ သင့်လျော်သော သတိပေးချက်ဖြင့် သင့်အားအသိပေးသွားမည်ဖြစ်သည်။

ဝန်ဆောင်မှုများမှတစ်ဆင့် ဝယ်ယူသော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတန်ဖိုးများမှာ သင်ဝယ်ယူသည့်အချိန်တွင် သတ်မှတ်ထားသည့် ဈေးနှုန်းများဖြစ်ပါသည်။ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအားလုံး၏ တန်ဖိုးများတွင် ဖော်ပြထားခြင်းမရှိပါက သက်ဆိုင်ရာ အခွန်များနှင့်ကြေးနန်းဆက်သွယ်ရေး ဝန်ဆောင်ခများ ပါဝင်မည်မဟုတ်ပါ။ ဥပဒေအရ ခွင့်ပြုနိုင်သောအတိုင်းအတာအထိ အဆိုပါသက်ဆိုင်သည့် အခွန်အခများနှင့်ကြေးနန်းဆက်သွယ်ရေး အခကြေးငွေများအတွက် တာဝန်ယူရန် သင်သဘောတူညီရမည်။

သင်၏ဝန်ဆောင်မှုများမှတစ်ဆင့် အပ်ပလီကေးရှင်း၊ Virtual Item သို့မဟုတ် အခြားအချက်အလက်များ ဝယ်ယူခြင်းတွင် သင်သည် စာချုပ်တစ်ခုဖြင့်စည်းနှောင်နိုင်မည့် ဥပဒေအရ အသက်ပြည့်သူဖြစ်ကြောင်း တင်ပြခြင်းနှင့် အာမခံခြင်းတို့ပါဝင်သည်။ ဥပဒေအရအသက်ပြည့်သူမဟုတ်ပါက မိဘ သို့မဟုတ် ဥပဒေအရ အုပ်ထိန်းသူတစ်ဦး၏ ခွင့်ပြုချက်ပါဖြင့် အဆိုပါဝယ်ယူမှုကို ပြုလုပ်ရမည်ဖြစ်ပြီး သင်သည် မည်သည့် ဒေသတွင်း၊ ပြည်နယ်တွင်း သို့မဟုတ် အစိုးရ သို့မဟုတ် နိုင်ငံတကာ ဥပဒေတစ်ခုခုအရ ဝန်ဆောင်မှုများ အသုံးပြုခြင်း သို့မဟုတ် လက်ခံရယူခြင်းမှ တားဆီးခံထားရသူမဖြစ်ရပါ။

သင်သည် ကျွန်ုပ်တို့အား ခရက်ဒစ်ကတ် အချက်အလက်များ ပေးသည့်အခါ သင်သည် လစဉ်ကြေးနှင့် အခြားဝန်ဆောင်ခများပေးရာတွင် အသုံးပြုမည့် အခွင့်အာဏာရှိသော ခရက်ဒစ်ကတ်သုံးစွဲသူဖြစ်ကြောင်း တင်ပြရမည်။ သင်သည် လစဉ်မှာယူမှုတစ်ခုပြုလုပ်သည့်အခါ ဝန်ဆောင်မှုအသုံးပြုသည့်လတိုင်းတွင် လစဉ်ကြေးအတွက် သင်၏ ခရက်ဒစ်ကတ်မှ ကောက်ခံရန် ကျွန်ုပ်တို့အား ခွင့်ပြုကြောင်း သဘောတူညီပြီး ထပ်လောင်းအတည်ပြုရမည်။ သင့်ခရက်ဒစ်ကတ်အကောင့်နံပါတ်၊ ၎င်းသက်တမ်းကုန်ဆုံးမည့်နေ့နှင့်/သို့မဟုတ် သင်၏ငွေတောင်းခံလွှာ လိပ်စာတွင် အပြောင်းအလဲတစ်ခုခုရှိလျှင်ဖြစ်စေ၊ သင့်ခရက်ဒစ်ကတ် သက်တမ်းကုန်သွားလျှင်ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် သင့်ခရက်ဒစ်ကတ်ကို ပယ်ဖျက်လိုက်လျှင်ဖြစ်စေ ကျွန်ုပ်တို့အား ချက်ချင်းအကြောင်းကြားပါမည်ဟု သင် သဘောတူရမည်။ သင်သည် ဝန်ဆောင်ခအသစ်တစ်ခုခုကို လက်ခံရန်အတွက် အလုပ်ဖွင့်ရက် ဆယ်ရက်ရရှိမည်ဖြစ်သည်။ သင်သည် ဝန်ဆောင်ခအသစ်များကို လက်မခံကြောင်း ကျွန်ုပ်တို့ထံ စာဖြင့်ရေးသားအသိပေးပါက သင်၏လစဉ်ပေးသွင်းမှုများ၊ အစီအစဉ်များ သို့မဟုတ် အခြားလက်ရှိ၊ အခပေး ဝန်ဆောင်မှုများကို သက်ဆိုင်သရွေ့ ချက်ချင်းရပ်ဆိုင်းမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အချို့ဝန်ဆောင်မှုများအတွက် သက်ဆိုင်ရာ အခွန်အခများကောက်ခံရန်နှင့် အထူးအပိုကြေးများ ချမှတ်ပိုင်ခွင့်ရှိသည်။

အပ်ပလီကေးရှင်းများ၊ ထပ်တိုးအင်္ဂါရပ်များနှင့် Virtual Items ကို ဝန်ဆောင်မှုနှင့်ချိတ်ဆက်လျက် ကျသင့်ငွေတစ်ခုဖြင့် ဒေါင်းလုတ်ဆွဲနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝယ်သူဘက်မှအမှား၊ အစမ်းသုံးဗားရှင်းများ၊ ဖုန်း၊ ကိရိယာ သို့မဟုတ် ပလက်ဖောင်းအတွက် မှားယွင်းဝယ်ယူမိသော ဆော့ဖ်ဝဲလ်များ၊ ဝယ်ယူချိန်တွင် မပေးသည့် ပရိုမိုးရှင်းကုတ်များ သို့မဟုတ် လျှော့ဈေးများ သို့မဟုတ် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဝယ်ယူသည့်နေ့မှ ရက်ပေါင်း 90 ကြာပြီးနောက် ပစ္စည်းများအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။ သင့်ကုမ္ပဏီမှ သင့်အတွက်ထုတ်ပေးသည့် ငွေတောင်းခံလွှာပေါ်မှ အမှားတစ်ခုခုအတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိမည်မဟုတ်ပါ။ သင့်အနေဖြင့် ဖုန်း သို့မဟုတ် အခြားစက်ကိရိယာ ထုတ်လုပ်သူ၊ ဖုန်း သို့မဟုတ် အခြားစက်ကိရိယာ မော်ဒယ်နှင့် ပံ့ပိုးသည့် ကုမ္ပဏီကို ပံ့ပိုးမှုရှိကြောင်းနှင့် ဖုန်း သို့မဟုတ် အခြားစက်ကိရိယာသည် ဝယ်ယူလိုက်သော၊ ဒေါင်းလုတ်ဆွဲလိုက်သော သို့မဟုတ် ဝန်ဆောင်မှုများမှတစ်ဆင့် ရယူလိုက်သော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုနှင့် တွဲဖက်သုံးနိုင်ကြောင်း အတည်ပြုရန်အတွက် သင့်တွင် အပြည့်အဝတာဝန်ရှိကြောင်း လက်ခံရမည်။ ကျွန်ုပ်တို့သည် သင့်ဖုန်း၊ စက်ကိရိယာ သို့မဟုတ် ပလက်ဖောင်းအတွက် မှန်ကန်သော ဆော့ဖ်ဝဲရရှိစေရန် လုပ်ငန်းပိုင်းဆိုင်ရာအရ သင့်လျော်သော ကြိုးပမ်းမှုများ ပြုလုပ်ပေးမည်ဖြစ်သော်လည်း ဝယ်ယူသူဘက်မှ မည်သည့်အမှားကိုမျှ တာဝန်ရှိမည် သို့မဟုတ် တာဝန်ခံမည်မဟုတ်ပါ။ ဝန်ဆောင်မှုများမှတစ်ဆင့် ရရှိနိုင်သော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုနှင့်ပတ်သက်၍ သင့်တွင်မေးမြန်းစရာများ ရှိပါက support@gameloft.com ရှိ Gameloft နည်းပညာအဖွဲ့နှင့် ကျေးဇူးပြု၍ ဆက်သွယ်ပါ။ သက်ဆိုင်ပါက ကျွန်ုပ်တို့သည် အဆိုပါ ဒေါင်းလုတ် သို့မဟုတ် ဝယ်ယူမှုပြုလုပ်သည့်နေ့မှ ပြက္ခဒိန်ရက်ပေါင်း ကိုးဆယ် (90) သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း ဒေါင်းလုတ် သို့မဟုတ် ဝယ်ယူမှုနှင့် ဆက်စပ်နေသော မည်သည့်ချို့ယွင်းချက် သို့မဟုတ် အခြားပြဿနာအတွက်မဆို ကျွန်ုပ်တို့တွင် တာဝန်ရှိမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဆော့ဖ်ဝဲဒေါင်းလုတ်များတွင် ပြန်သွင်းခြင်းကို လုံးဝလက်မခံသော မူဝါဒကို ကျင့်သုံးပါသည်။ မည်သည့်ဝယ်ယူမှုမှမပြုမီ ဤစနစ်၏လိုအပ်ချက်များကို ဂရုတစိုက်ဖတ်ရှုပါ။

အချို့အပ်ပလီကေးရှင်းများသည် အပ်ပလီကေးရှင်းအတွင်းမှ VIRTUAL ITEMS (အောက်တွင်အဓိပ္ပါယ်သတ်မှတ်ထားသကဲ့သို့) ကို ဝယ်ယူရန် ခွင့်ပြုထားပါသည်။ အဆိုပါ ဝယ်ယူမှုများကို ဒေါင်းလုတ်လုပ်ရန် ဝယ်ယူရမည့် အပ်ပလီကေးရှင်းများ နှင့် အခမဲ့ဒေါင်းလုတ်ဆွဲနိုင်သည့် အပ်ပလီကေးရှင်းနှစ်ခုစလုံးတွင် ဝယ်ယူနိုင်ပါသည်။ ၎င်းအပြင် အခမဲ့ဒေါင်းလုတ်ဆွဲနိုင်သည့် အပ်ပလီကေးရှင်းများ အပါအဝင် အချို့အပ်ပလီကေးရှင်းများတွင် သင့်အား ကြားခံဆိုက်တစ်ခုသို့ ပြန်လည်ရောက်ရှိသွားစေမည့် ကြားခံကြော်ငြာများ ပါဝင်နိုင်ပါသည်။

 

III. VIRTUAL ITEMS

အချို့ဝန်ဆောင်မှုများတွင် သင် ရရှိနိုင်မည့် သို့မဟုတ် ဝယ်ယူနိုင်မည့် (က) virtual ဒင်္ဂါးများ၊ ငွေသား၊ လက်မှတ်များ သို့မဟုတ် ပွိုင့်များ၊ ဝန်ဆောင်မှုများတွင် အသုံးပြုသည့်အရာများအားလုံး အပါအဝင် virtual ငွေကြေးများ (ခ) ဂိမ်းထဲတွင် ပါဝင်သည့် virtual ပစ္စည်းများ (virtual ငွေကြေးနှင့်အတူ)၊ သို့မဟုတ် (ဂ) အချို့ ဂိမ်းထဲမှ အကျိုးခံစားခွင့်များ('Virtual Items”) ပါဝင်သည်။ သင့်ဆန္ဒဖြင့်ဖြစ်စေ၊ ဆန္ဒမပါဘဲဖြစ်စေ သင့်အကောင့်ကို ပိတ်လိုက်သည့်အချိန်တွင် သင့်အကောင့်ထဲတွင် ကျန်ရှိနေသော အသုံးမပြုရသေးသည့် Virtual Items များအပါအဝင် Virtual Items တွင် တန်ဖိုးအစစ်မရှိဘဲ ငွေကြေးအစစ်၊ ကုန်ပစ္စည်း သို့မဟုတ် အခြား ငွေကြေးတန်ဖိုးရှိပစ္စည်းများနှင့် ငွေပြန်အမ်းယူနိုင်မည်မဟုတ်ပါ။ Virtual Items များကို‌ ရောင်းချမှုအားလုံးသည် နောက်ဆုံးအဆုံးသတ်ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ဦးတည်းနှင့် အကြွင်းမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မှ လွဲ၍ မည်သည့်ငွေပြန်အမ်းပေးမှုမျှ ရရှိမည်မဟုတ်ပါ။

မည်သည့် Virtual Item ကို ဝယ်ယူခြင်းမဆိုသည် သက်ဆိုင်ရာ ဝန်ဆောင်မှုများရှိ Virtual Item ကို အသုံးပြုရန် လိုင်စင်တစ်ခုကို ဝယ်ယူခြင်းမျှသာဖြစ်ပြီး အဆိုပါ Virtual Item ပိုင်ဆိုင်မှုကို သင့်ထံသို့ လွှဲပြောင်းပေးမည်မဟုတ်ပါ။ ဤလိုင်စင်သည် သင်နှင့်သာသက်ဆိုင်ပြီး ရောင်းချြခင်း၊ လွှဲပြောင်းခြင်း၊ ခွဲပေးခြင်း၊ လက်ဆောင်ပေးခြင်း၊ လဲလှယ်ခြင်း၊ ထပ်ဆင့်လိုင်စင်ခွဲပေးခြင်းများ ပြုလုပ်နိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် Virtual Items များကို “ငွေကြေးအစစ်”အတွက်ဖြစ်စေ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုပြင်ပရှိ အခြားလဲလှယ်မှုတစ်ခုခုအတွက်ဖြစ်စေ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ခွဲပေးခြင်း၊ လက်ဆောင်ပေးခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ထပ်ဆင့်လိုင်စင်ခွဲပေးခြင်းများကို ပြတ်ပြတ်သားသား တားမြစ်ထားပြီး အသိအမှတ်မပြုပါ။ ဤကဲ့သို့ လွှဲပြောင်းခြင်း သို့မဟုတ် လွှဲပြောင်းရန် ကြိုးပမ်းခြင်းကို တားမြစ်ထားပြီး တရားမဝင်ဟုသတ်မှတ်သည်။ သင့်အကောင့် ပိတ်သိမ်းခံရနိုင်ဖွယ်ရှိပြီး ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် တရားဝင်လုပ်ဆောင်ချက်များမှပင် တစ်သက်တာတားမြစ်ခံရနိုင်ချေရှိသည်။

 

IV. အွန်လိုင်းလုပ်ဆောင်ချက်

အသုံးပြုသူတစ်ဦးအနေဖြင့် သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ဥပဒေနှင့်ညီသော ရည်ရွယ်ချက်များအတွက်သာ အသုံးပြုပါမည်ဟု သဘောတူရမည်။ အောက်ပါတို့သာ ကန့်သတ်ထားသည်မဟုတ်ဘဲ သီးသန့်တားမြစ်ထားသော လုပ်ဆောင်ချက်များတွင် ပါဝင်သည်တို့မှာ-

1. ကလေးသူငယ် ညစ်ညမ်းဓာတ်ပုံများ၊ လိမ်လည်မှု၊ ညစ်ညမ်းပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်း၊ မူးယစ်ဆေးရောင်းဝယ်ခြင်း၊ လောင်းကစားခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်း၊ နောက်မှတကောက်ကောက်လိုက်ခြင်း၊ မလိုလားသော ကြော်ငြာများကို အီးမေးလ်ပေးပို့ခြင်း၊ မလိုလားသော ကြော်ငြာများကို မက်ဆေ့ချ်ပေးပို့ခြင်း၊ ဗိုင်းရပ်စ်များ သို့မဟုတ် အခြားအန္တရာယ်ရှိသော ဖိုင်များပေးပို့ခြင်း၊ မူပိုင်ခွင့် ချိုးဖောက်ခြင်း၊ သို့မဟုတ် အရောင်းအဝယ် လျှို့ဝှက်ချက်များ ခိုးခံရခြင်းတို့အပါအဝင် ရာဇဝတ်မှုမလွတ်ကင်းသော သို့မဟုတ် မကောင်းသော လုပ်ဆောင်မှုများ။

2. ဥပဒေနှင့်မညီညွတ်သော သို့မဟုတ် မကောင်းသော လုပ်ဆောင်ချက်များ သို့မဟုတ် ညှဉ်းပမ်းနှိပ်စက်သော၊ ခြိမ်းခြောက်သော၊ မဖွယ်မရာဖြစ်သော၊ အသရေပျက်စေသော သို့မဟုတ် အကြည်ညိုပျက်စေသော လုပ်ဆောင်ချက်များကို အားပေးခြင်း၊

3. လိင်အသားပေးဖော်ပြထားသော သို့မဟုတ် အပြာဆန်သော ဓာတ်ပုံများနှင့်/သို့မဟုတ် ရုပ်ပုံများ အသုံးပြုခြင်း၊ အမျိုးသမီးရင်သား သို့မဟုတ် အမျိုးသား သို့မဟုတ် အမျိုးသမီး၏ တင်ပါးပုံများ သို့မဟုတ် လူ၏မျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ခုခု သို့မဟုတ် အားလုံး၊ လိင်အသားပေးလုပ်ဆောင်ချက်များနှင့်/သို့မဟုတ် ဖောက်ပြန်မှု၊ ညစ်ညမ်းမှုနှင့် လက်ဖြင့်ကာမစိတ်ခံစားခြင်း၊ တိရစ္ဆာန်များ ကာမဆက်ဆံခြင်း၊ ကလေးများအပေါ်ကာမစိတ်ဖြစ်ခြင်း၊ လိင်ကွဲကြိုက်သူ၊ လိင်နှစ်မျိုးကြိုက်သူ၊ မိန်းမချင်းနှစ်သက်သူ၊ သို့မဟုတ် လိင်တူကြိုက်သူများ၏ အဝတ်မပါဘဲ သို့မဟုတ် တစ်စိတ်တစ်ပိုင်း အဝတ်မပါဘဲ ကိုယ်လက်နှီးနှောမှုများ အပါအဝင် ကာမစိတ်ပြင်းထန်သော အမူအရာများစသည်တို့နှင့် ပါဝင်ပတ်သက်နေသူတစ်ဦးဦး သို့မဟုတ် အရာဝတ္ထုတစ်ခုခုအား ဖော်ပြခြင်း၊ ရိုင်းရိုင်းစိုင်းစိုင်းဖြင့် အရှက်အကြောက်ကင်းမဲ့သော၊ ယဉ်ကျေးမှုအားဖြင့် အမူအကျင့်အားဖြင့်နဲ့ လုံးလုံးလျားလျား ချို့တဲ့နေသော သို့မဟုတ် မသင့်လျော်သော ညစ်ညမ်းစာပေနှင့် ကောင်းမွန်သော ကိုယ်ကျင့်တရား စံနှုန်းတို့ကို ဖောက်ဖျက်နေသော အခြားအကြောင်းအရာများနှင့်ပတ်သက်နေသူတစ်ဦးဦး သို့မဟုတ် အရာဝတ္ထုများကို ဖော်ပြခြင်း၊

4. ဝန်ဆောင်မှုများ၏ လုံခြုံရေးနှင့် ဆက်စပ်နေသော အင်္ဂါရပ်များ သို့မဟုတ် ပါဝင်သည့် အကြောင်းအရာတစ်ခုခုကို အသုံးပြုခြင်း သို့မဟုတ် ကူးယူခြင်းကို ကာကွယ်ထားသည့် သို့မဟုတ် ကန့်သတ်ထားသည့် သို့မဟုတ် ဝန်ဆောင်မှုများ သို့မဟုတ် ၎င်းတွင်ပါဝင်သည့် အကြောင်းအရာများကို အသုံးပြုခြင်းနှင့်ဆိုင်သည့် အကန့်အသတ်များကို ခိုင်မာစေသည့် အင်္ဂါရပ်များမှ လွတ်အောင်ရှောင်တိမ်းခြင်း၊ ပိတ်ထားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း၊

5. လိမ်လည်မှု၊ ခေါင်းပုံဖြတ်မှု၊ အလိုအလျောက်ပြုလုပ်သော ဆော့ဖ်ဝဲများ၊ စက်ရုပ်များ၊ ဟက်လုပ်ခြင်းများ သို့မဟုတ် ဝန်ဆောင်မှုများကို‌ ပြုပြင်ရန် သို့မဟုတ် နှောင့်ယှက်ရန် ဖန်တီးထားသည့် အခြားအခွင့်မရှိသော ဆော့ဖ်ဝဲများကို အသုံးပြုခြင်းနှင့် လိမ်လည်ခြင်း သို့မဟုတ် ခေါင်းပုံဖြတ်ခြင်းတို့မှတစ်ဆင့် အခွင့်အရေးယူခြင်းများ၊

6. ကြားဖြတ်ခြင်း၊ တူးဖော်ခြင်း သို့မဟုတ် အခြားသုံးစွဲသူများအကြောင်း အချက်အလက်များ မည်သည့်ပုဂ္ဂလိကပစ္စည်း(အောက်တွင်အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတိုင်း)ကိုမဆို စုဆောင်းခြင်း သို့မဟုတ် ကူးယူခြင်းနှင့် သိမ်းဆည်းခြင်း၊

7. ဝန်ဆောင်မှုများ သို့မဟုတ် ကွန်ရက်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် ဆက်စပ်နေသော ဝန်ဆောင်မှုများကို နှောင့်ယှက်ခြင်း၊ ပျက်စီးစေခြင်း သို့မဟုတ် လွန်ကဲသော ဝန်ထုပ်ဝန်ပိုးများ ဖန်တီးခြင်း၊

8. အခြားသုံးစွဲသူ သို့မဟုတ် အခြားသူတစ်ဦးယောင်ဆောင်ရန် ကြိုးပမ်းခြင်း၊

9. အသက် 18 နှစ်အောက်လူတစ်ဦးဦးထံမှ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖျားယောင်းသွေးဆောင်၍ ရယူခြင်း၊

10.စကားဝှက်များ၊အခြားသုံးစွဲသူများထံမှ ကိုယ်ရေးကိုယ်တာအရ ခွဲခြားသိရှိနိုင်သော အချက်အလက်များ ရယူခြင်း၊ သိမ်းဆည်းထားခြင်း၊ ဖျားယောင်းသွေးဆောင်ခြင်း သို့မဟုတ် အများမြင်အောင် ပြသခြင်း၊

11. အခြားအကောင့်ပိုင်ရှင်တစ်ဦး၏ အကောင့်၊ သုံးစွဲသူအမည်၊ သို့မဟုတ် စကားဝှက်ကို မည်သည့်အချိန်တွင်မဆို အသုံးပြုခြင်း သို့မဟုတ် သင့်စကားဝှက်အား ကြားခံလူတစ်ဦးအား ထုတ်ဖော်ပြောပြခြင်း သို့မဟုတ် သင့်အကောင့်ကို ကြားခံလူတစ်ယောက် အသုံးပြုရန် ခွင့်ပြုခြင်း၊

12. အခြားသူတစ်ဦးအား နှောင့်ယှက်ရန်၊ ညှဉ်းပမ်းနှိပ်စက်ရန် သို့မဟုတ် ထိခိုက်စေရန်အတွက် ဝန်ဆောင်မှုများမှ ရယူထားသည့် အချက်အလက်တစ်ခုခုကို အသုံးချခြင်း၊

13. လူတစ်ယောက်၏ ပရိုဖိုင်းကို ကြည့်ရှုသူများလာစေရန် ရည်ရွယ်ပြီး မတရားသော၊ အထင်အမြင်လွဲစေသော သို့မဟုတ် လှည့်ဖြားသော အကြောင်းအရာများကို အသုံးပြုခြင်း၊

အမေရိကန် ပြည်ပတင်ပို့မှုနှင့် ပြန်လည်တင်ပို့မှု ထိန်းချုပ်ရေးဥပဒေနှင့် စည်းမျဉ်းများအပါအဝင် ဝန်ဆောင်မှုများအား သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းများနှင့် မကိုက်ညီသော ပုံစံဖြင့်အသုံးပြုခြင်း၊

15. သင့်အကောင့် သို့မဟုတ် သင့်အကောင့်နှင့်ဆက်စပ်နေသော Virtual Items များကို ထပ်ဆင့်လိုင်စင်ခွဲပေးခြင်း၊ ငှားရမ်းခြင်း၊ အငှားချခြင်း၊ ရောင်းချခြင်း၊ အလဲအလှယ်လုပ်ခြင်း၊ လက်ဆောင်ပေးခြင်း၊ သေတမ်းစာဖြင့်အမွေပေးခြင်း သို့မဟုတ် အခြားလွှဲပြောင်းပေးခြင်းများ၊

မူလအကောင့်ဖန်တီးသူ သို့မဟုတ် ကိုင်ဆောင်သူထံမှ ထပ်ဆင့်လိုင်စင်ခွဲပေးထားသော၊ ငှားရမ်းထားသော၊ အငှားချထားသောလွှဲပြောင်းထားသော ကြားခံအကောင့်တစ်ခု သို့မဟုတ် Virtual Items တစ်ခုခုကို ကြည့်ရှုခြင်း သို့မဟုတ် အသုံးပြုခြင်း၊

17. Virtual Items ကို စုဆောင်းရန် သို့မဟုတ် မျှားယူရန်အတွက် များစွာသောအကောင့်များ၊ လက်စွဲလုပ်ထုံးလုပ်နည်းများ၊ ဘော့တ်စ်များ၊ အလိုအလျောက် ညွှန်ကြားချက်များ သို့မဟုတ် အခြားလုပ်ငန်းစဉ်များ အသုံးပြုခြင်း၊

18. Virtual Items များကို ငွေကြေး “အစစ်”များဖြင့်လဲလှယ်ခြင်း အပါအဝင် စီးပွားဖြစ်ပုံစံဖြင့် ဝန်ဆောင်မှုများကို အသုံးချခြင်း။

သင့်အားဤလုပ်ဆောင်ချက်တစ်ခုခုအတွင်း ပါဝင်နေသည်ကို တွေ့ရှိပါက ဝန်ဆောင်မှုများမှ ချက်ချင်းတားမြစ်သွားမည်ဖြစ်သည်။ သင်၏ အထက်ဖော်ပြပါ တားမြစ်ချက်များကို ဖောက်ဖျက်သည့် လုပ်ရပ်တစ်ခုခုသည် သင့်အကောင့် သို့မဟုတ် ဝန်ဆောင်မှုများကို ရယူခြင်းကို ဆိုင်းငံ့ခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းတို့ ဖြစ်စေနိုင်သည်။

 

V. ပါဝင်သည့်အကြောင်းအရာ

 

A. ပိုင်ရှင်၏ အခွင့်အရေး

ဝန်ဆောင်မှုအသုံးပြုသူများမှ တင်သည့် အကြောင်းအရာ(“သုံးစွဲသူမှတင်ထားသည့် အကြောင်းအရာ”) ချွင်းချက်မှလွဲ၍ အကြောင်းအရာအားလုံး၊ Virtual Items နှင့်ဆော့ဖ်ဝဲများ၊ ရုပ်ပုံများ၊ စာသားများနှင့် ဝက်ဘ်ဆိုက်အသွင်အပြင်နှင့် ခံစားချက်၊နှင့် ကုန်အမှတ်တံဆိပ်များအားလုံး (GAMELOFT®နှင့် ကျွန်ုပ်တို့ အပ်ပလီကေးရှင်းအားလုံး၏ ရပိုင်ခွင့်များအပါအဝင်)၊ မူပိုင်ခွင့်များ၊ မှတ်ပုံတင်ထားသော မူပိုင်ခွင့်များနှင့် ဆက်စပ်နေသော အခြားဉာဏပိုင်ဆိုင်မှု အခွင့်အရေးများ (ပိုင်ရှင်၏ အရာဝတ္ထုများ) ကို Gameloft Inc., ကျွန်ုပ်တို့၏ လက်အောက်ခံကုမ္ပဏီများ သို့မဟုတ် ကုမ္ပဏီများ၊ ကျွန်ုပ်တို့၏ ကြားခံလိုင်စင်ကုမ္ပဏီများ၊နှင့်/သို့မဟုတ် ကြော်ငြာလုပ်ဖော်ကိုင်ဖက်များမှ ပိုင်ဆိုင်သည် သို့မဟုတ် ထိန်းချုပ်သည်။ သင်သည် ကုမ္ပဏီပိုင် မည်သည့်ပစ္စည်းကိုမဆို သို့မဟုတ် ဝန်ဆောင်မှုများမှ ကာကွယ်ပေးနိုင်သည့် မည်သည့်သွင်ပြင်ကိုမဆို တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပြင်ဆင်ခြင်း၊ ဖယ်ရှားခြင်း၊ ဖျက်ပစ်ခြင်း၊ ထပ်တိုးခြင်း၊ ပေါင်းထည့်ခြင်း၊ ထုတ်ဝေခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ရောင်းချခြင်းတွင် ပါဝင်ခြင်း၊ ဆင့်ပွားခိုးယူရန်ဖန်တီးခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတို့ မပြုလုပ်ရပါ။ သင် ဝန်ဆောင်မှုဆိုင်ရာ ဤသဘောတူညီချက်နှင့် အခြားဆက်စပ်မူဝါဒများကို လိုက်နာမည်ဆိုပါက ဝန်ဆောင်မှုများ၏ ရည်ရွယ်ရင်း လိုအပ်ချက်များနှင့် ကိုက်ညီသည့် သင်၏ စီးပွားဖြစ်မဟုတ်သော ကိုယ်ပိုင်ဖျော်ဖြေရေး ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့သည် သင့်အား ဝန်ဆောင်မှုများနှင့် ကုမ္ပဏီပိုင်ပစ္စည်းတို့အား ရယူသုံးစွဲနိုင်မည့် ဤနေရာတွင် ဖော်ပြထားသော ကန့်သတ်ချက်များနှင့်ဆိုင်သော တစ်ဦးတည်းကန့်သတ်မထားသော၊ လွှဲပြောင်းပေး၍မရသော၊ ပြန်လည်ရုတ်သိမ်းနိုင်သော ကန့်သတ်ထားသည့် လိုင်စင်တစ်ခုကို ခွင့်ပြုပေးမည်ဖြစ်သည်။ သင်သည် ဝန်ဆောင်မှုများကို အခြားရည်ရွယ်ချက်တစ်ခုခုအတွက် အသုံးမပြုပါဟု သဘောတူညီရပါမည်။

အထက်တွင် ရည်ညွှန်းထားသည့်အတိုင်း သင်သည် Virtual Items ကို ငွေကြေး “အစစ်”များဖြင့် ဝယ်ယူခဲ့သည်ဆိုသော်လည်း အမှန်မှာ သင်သည် အဆိုပါပစ္စည်းများကို “ပိုင်ဆိုင်”မည်မဟုတ်ပါ။ အဆိုပါဝယ်ယူမှုများကို ပြုလုပ်ခြင်းဖြင့် သင်သည် အဆိုပါ Virtual Items ကို သက်ဆိုင်ရာ အပ်ပလီကေးရှင်း သို့မဟုတ် အဆိုပါ Virtual Items ကိုအသုံးပြုနိုင်မည့် အခြားဝန်ဆောင်မှုများတွင် အသုံးပြုနိုင်မည့် လိုင်စင်တစ်ခုကို ခွင့်ပြုခံရခြင်းမျှသာဖြစ်သည်။ Virtual Items တွင် လက်တွေ့ဘဝတွင် အသုံးပြုနိုင်မည့် တန်ဖိုးမရှိသကဲ့သို့ မည်သည့်နည်းဖြင့်မဆို ခရက်ဒစ် သို့မဟုတ် ငွေကြေးအစစ် သို့မဟုတ် ၎င်းနှင့်တူညီသော တန်ဖိုးတစ်ခုခု မရှိပါ။ Virtual Items ကို ငွေကြေး “အစစ်”ဖြင့် မည်သည့်အခါတွင်မှ ပြန်လဲလှယ်နိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ တစ်ဦးတည်းကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွင် ပါဝင်သည်ဟု မှတ်ယူမည်ဖြစ်သောကြောင့် အဆိုပါ Virtual Items ကို စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ထိန်းချုပ်ခြင်း၊ ပြင်ဆင်ခြင်းနှင့်/သို့မဟုတ် ဖယ်ရှားခြင်းများပြုလုပ်ရန် ကျွန်ုပ်တို့တွင် အကြွင်းမဲ့တစ်ဦးတည်းပိုင် အခွင့်အရေးရှိပြီး အဆိုပါအခွင့်အရေးကို ကျင့်သုံးခြင်းကြောင့် ကျွန်ုပ်တို့သည် သင် သို့မဟုတ် အခြားသူတစ်ဦးဦးပေါ်တွင် တာဝန်ရှိမည်မဟုတ်ပါ။

 

B. အကြောင်းအရာအား ဖြန့်ဝေခြင်း/အပ်လုဒ်လုပ်ခြင်း

ဝန်ဆောင်မှုများမှတစ်ဆင့် (ဉပမာ - အပ်လုဒ်တင်ထားသော အကြောင်းအရာ၊ စကားပြောခန်းတစ်ခု သို့မဟုတ် သုံးစွဲသူဖိုရမ်၊ ဝန်ဆောင်မှုများမှတစ်ဆင့် ပြုလုပ်သည့် အွန်လိုင်းသုံးသပ်ချက် သို့မဟုတ် ထင်မြင်ချက်) တတိယပါတီ၏ ဉာဏပိုင်ဆိုင်မှုအခွင့်အရေးကို ချိုးဖောက်သော သို့မဟုတ် အသရေပျက်စေသော၊ ပျက်စီးစေလိုသော၊ ဥပဒေနှင့်မလွတ်ကင်းသော သို့မဟုတ် ရိုင်းစိုင်းသော မည်သည့်အကြောင်းအရာကိုမဆို ပို့စ်တင်ခြင်း သို့မဟုတ် ထပ်ဆင့်ဖြန့်ဝေခြင်းမပြုလုပ်ရန် သင့်အား တားမြစ်သည်။

အထက်ဖော်ပြပါတို့ကို ကန့်သတ်မထားဘဲ သင်သည် မည်သည့်မူပိုင်ခွင့် ပစ္စည်း၊ ကုန်အမှတ်တံဆိပ်များ သို့မဟုတ် အခြားသူများပိုင်ဆိုင်သော တစ်ဦးတည်းပိုင် အခြားအချက်အလက်များကို အဆိုပါတစ်ဦးတည်းပိုင်ဆိုင်ခွင့်ရှိသူ၏ စာဖြင့်ရေးသားထားသော သဘောတူညီချက်တစ်ခုကို ဦးစွာ ကြိုတင်ရယူထားခြင်းမရှိဘဲ မည်သည့်နည်းနှင့်မျှ ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ပို့စ်တင်ခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် ပြန်လည်ထုတ်ဝေခြင်းများ မပြုရပါ။ မူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် မူပိုင်ခွင့်ပိုင်ရှင်၏ တရားဝင်ကိုယ်စားလှယ်ထံမှ မှန်ကန်သော အကြောင်းကြားမှုတစ်ခု ရရှိပါက အခြားသူများ၏ မူပိုင်ခွင့်များကို အကြိမ်ကြိမ်ချိုးဖောက်နေသူတစ်ဦး၏ အကောင့်အား ပိတ်သိမ်းမည်မှာ ကျွန်ုပ်တို့၏ မူဝါဒဖြစ်သည်။

မည်သည့်အရာဝတ္ထု/အချက်အလက်များအား အပ်လုဒ်လုပ်ခြင်း၊ အသုံးပြုသူအမည်ရွေးချယ်ခြင်း၊ သို့မဟုတ် စကားပြောခန်း သို့မဟုတ် ဖိုရမ်တွင် ပါဝင်ခြင်းစသည့်အကြောင်းအရာများအပြင် အခြားအချက်များအပါအဝင် (“သင်၏ အကြောင်းအရာ”) အကြောင်းအရာ သို့မဟုတ် အရာဝတ္ထုများ/အချက်အလက်များအား ဝန်ဆောင်မှုများမှတစ်ဆင့် ကျွန်ုပ်တို့ထံသို့ တင်သွင်းခြင်းဖြင့် အဆိုပါအကြောင်းအရာများ၏ ပိုင်ရှင်သည် တစ်ကမ္ဘာလုံး သို့မဟုတ် ကမ္ဘာ၏ တစ်စိတ်တစ်ပိုင်းတွင် သင့်အား ကံစမ်းမဲ/ပြိုင်ပွဲတွင် အနိုင်ရသူအဖြစ် ကြေငြာခြင်းနှင့်ဆက်စပ်၍ သို့မဟုတ် သင့်အားခေါင်းဆောင်ဘုတ်အဖွဲ့တွင် ထည့်သွင်းခြင်းအပါအဝင် မှတ်ပုံတင်မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းလျှို့ဝှက်ချက်၊ အဆိုပါအကြောင်းအရာအတွင်းမှ သို့မဟုတ် အဆိုပါအကြောင်းအရာအပေါ် မူပိုင်ခွင့် သို့မဟုတ် အခြားတစ်ဦးတည်းပိုင် အခွင့်အရေးများနှင့် သင်၏သုံးစွဲသူအမည်၊ အမည်ရင်းနှင့် ပုံတူ(တင်သွင်းထားပါက)များအားလုံး အပါအဝင် သင်၏အကြောင်းအရာ(Your Content)များကို အသုံးပြုရန်၊ ပြန်လည်ထုတ်ဝေရန်၊ ထုတ်ဝေရန်၊ ဘာသာပြန်ဆိုရန်၊ ဆင့်ပွားလက်ရာများအဖြစ် ပြင်ဆင်ရန်၊ ကူးယူရန်၊ လုပ်ဆောင်ရန်နှင့် ဖြန့်ဝေရန်အတွက် သင်က ကျွန်ုပ်တို့အား စာမူကြေး အခမဲ့၊ ပြန်လည်ရုတ်သိမ်း၍မရနိုင်သော၊ ထပ်ဆင့်လိုင်စင်ခွဲပေးနိုင်သော၊ လွှဲပြောင်းပေး၍ရသော၊ တစ်ဦးတည်းပိုင်မဟုတ်သည့် အခွင့်အရေးနှင့် လိုင်စင်ကို ကျွန်ုပ်တို့အားအတိအလင်းခွင့်ပြုပါသည် သို့မဟုတ် လုံလောက်သော အကြောင်းခိုင်လုံပါသည်ဟု သင်က ကျွန်ုပ်တို့အား အလိုအလျောက် ခွင့်ပြုလိုက်ခြင်းဖြစ်ပါသည်။ သင်သည် ဤနေရာမှစ၍ ဝန်ဆောင်မှုများ၏ ရည်ရွယ်ချက်နှင့် ဤသဘောတူညီချက်အရ ခွင့်ပြုထားသည့်အတိုင်း ဝန်ဆောင်မှုအသုံးပြုသူတိုင်းအား ဝန်ဆောင်မှုများမှတစ်ဆင့် သင့်အကြောင်းအရာကို ရယူကြည့်ရှုရန်နှင့် အသုံးပြုရန်၊ ပြန်လည်ထုတ်ဝေရန်၊ ဖြန့်ဝေရန်၊ ပြသရန်နှင့် လုပ်ဆောင်ရန်အတွက် တစ်ဦးတည်းပိုင်မဟုတ်သည့် လိုင်စင်တစ်ခု ခွင့်ပြုပေးလိုက်ခြင်းလည်းဖြစ်သည်။ သင့်အကြောင်းအရာနှင့်ပတ်သက်၍ သင်ခွင့်ပြုလိုက်သော အထက်ပါလိုင်စင်များသည် ထာဝရဖြစ်ပြီး သင့်အကြောင်းအရာများကို ဝန်ဆောင်မှုများမှ ဖယ်ရှားပေးရန် သို့မဟုတ် ဖျက်ပေးရန် သင်က တောင်းဆိုသည့်အခါမှသာ အဆုံးသတ်မည်ဖြစ်သည်( အဆိုပါ လိုင်စင်သည် သင့်အကြောင်းအရာကို ဖယ်ရှားရန် သို့မဟုတ် ဖျက်ပစ်ရန် တောင်းဆိုပြီးနောက် စီးပွားရေးအရ သင့်တော်သောအချိန်တွင် အဆုံ့းသတ်ပေးမည်ဖြစ်သည်။) သို့သော်လည်း ဖယ်ရှားလိုက်သော သို့မဟုတ် ဖျက်လိုက်သော သင့်အကြောင်းအရာ၏ ဆာဗာကော်ပီများကို ပြသခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် တင်ဆက်ခြင်းမလုပ်သော်လည်း ကျွန်ုပ်တို့ ဆက်လက်ထိန်းသိမ်းထားနိုင်သည်ကို သင် နားလည်ပြီး သဘောတူရမည်ဖြစ်သည်။ အထက်ဖော်ပြပါအကြောင်းအရာတို့သည် အောက်ပါ မိမိဆန္ဒဖြင့် တင်သွင်းမှုများနှင့်စပ်လျဉ်းသည့် သတ်မှတ်ပြဌာန်းချက်များဖြစ်သည်။

ဤခွင့်ပြုချက်များနှင့်ပတ်သက်၍ သင်သည် သင့်အကြောင်းအရာတွင် ရှိနေနိုင်သည့် မည်သည့်ရပိုင်ခွင့် သို့မဟုတ် ရပိုင်ခွင့်အားလုံးကို ထိန်းသိမ်းထားပါ။

ကျွန်ုပ်တို့သည် သင့်အကြောင်းအရာတစ်ခုခုကို သို့မဟုတ် အီလက်ထရွန်းနစ် ဆက်သွယ်မှုတစ်ခုခုကို အောက်ပါတို့အတွက် ဖွင့်ဟထုတ်ဖော်နိုင်သည် (i) ဥပဒေ၊ စည်းမျဉ်း သို့မဟုတ် အစိုးရတောင်းဆိုမှုတစ်ခုခုကို ဖြည့်ဆည်းရမည်ဆိုလျှင်၊(ii) အဆိုပါဖွင့်ဟထုတ်ဖော်မှုသည် ဝန်ဆောင်မှုများလည်ပတ်ရန်အတွက် လိုအပ်လျှင် သို့မဟုတ် သင့်တော်လျှင်၊(iii) Gameloft Inc. နှင့် အရာရှိများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများနှင့် ကိုယ်စားလှယ်များ၏ ရပိုင်ခွင့်နှင့်ပိုင်ဆိုင်မှုများကို ကာကွယ်ရန်၊ သို့မဟုတ်(iv) Gameloft ပံ့ပိုးသူများနှင့် အခြားသုံးစွဲသူ တစ်ဦးဦး။

 

C. ကြော်ငြာခြင်း

ကျွန်ုပ်တို့၏ ဆိုက်/အပ်ပလီကေးရှင်းများကို အသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့သည် သင့်အား ကြော်ငြာအကြောင်းအရာများ ကမ်းလှမ်းနိုင်သည်။ သို့ဖြစ်၍ သင်သည် ကြော်ငြာနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ကိုယ်ရေးလုံခြုံမှု မူဝါဒကို လိုက်နာရန် သဘောတူပါသည်ဟု ခွင့်ပြုရမည်။ ပိုမိုသိရှိလိုသည်များရှိပါက ကျေးဇူးပြု၍  https://www.gameloft.com/privacy-notice/ကို ကိုးကားကြည့်ရှုပါ။

Gameloft သည် အထဲတွင် ပါဝင်ပြသသည့် တခြားအဖွဲ့အစည်း၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအတွက် တာဝန်ရှိမည်မဟုတ်ပါ။

 

D. ကိုယ်စားပြုခြင်းနှင့် အာမခံခြင်းများ

သင်သည် သင့်အကြောင်းအရာအတွင်း၊ တစ်ခုခုနှင့် အားလုံးရှိ မှတ်ပုံတင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းလျှို့ဝှက်ချက်၊ မူပိုင်ခွင့် သို့မဟုတ် အခြားတစ်ဦးတည်းပိုင် အခွင့်အရေးများအားလုံးကို အသုံးပြုခွင့်နှင့် ထည့်သွင်းနိုင်စေခြင်းနှင့် သင့်အကြောင်းအရာအား ဝန်ဆောင်မှုများနှင့် ဤသဘောတူညီချက်မှ ရည်ရွယ်ထားသည့်နည်းလမ်းဖြင့် အသုံးပြုခွင့်တို့ကို ကျွန်ုပ်တို့အား ခွင့်ပြုနိုင်ရန် သင့်တွင် လိုအပ်သော လိုင်စင်များ၊ အခွင့်အရေးများ၊ သဘောတူညီချက်များနှင့် ခွင့်ပြုချက်များ ပိုင်ဆိုင်ကြောင်း သို့မဟုတ် ရှိကြောင်း ကိုယ်စားပြုတင်ပြပြီး အာမခံရမည်။ သင်သည် သင်၏အကြောင်းအရာသည် မည်သည့်တတိယအဖွဲ့အစည်းတစ်ခုခုအား အသရေဖျက်ခြင်းနှင့် သင့်အကြောင်းအရာအား ဝန်ဆောင်မှုများတွင် အသုံးပြုခြင်းသည် မည်သည့်တတိယအဖွဲ့အစည်း၏ ဉာဏပိုင်ဆိုင်မှုအခွင့်အရေးများ သို့မဟုတ် ပုဂ္ဂလိက သို့မဟုတ် အများဆိုင် အခွင့်အရေးများအပေါ် ချိုးဖောက်ခြင်း သို့မဟုတ် ကျူးလွန်ခြင်းမရှိကြောင်း ဆက်လက်ကိုယ်စားပြုတင်ပြပြီး အာမခံရမည်။

 

E. တတိယအဖွဲ့အစည်း အကြောင်းအရာ & သုံးစွဲသူ အကြောင်းအရာ

သင်သည် Gameloft Inc.  သည် တတိယအဖွဲ့အစည်းများနှင့် အသုံးပြုသူများမှ ပံ့ပိုးသည့် အကြောင်းအရာများကို ပို့စ်တင်နိုင်သည့် အွန်လိုင်းဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သင်သိရှိကြောင်း ဝန်ခံရမည်။ ကျွန်ုပ်တို့တွင် အများသုံးစာကြည့်တိုက် သို့မဟုတ် သတင်းစင်များမှလွဲ၍ အဆိုပါတတိယအဖွဲ့အစည်းများ(သုံးစွဲသူအကြောင်းအရာ) မှ တင်ပေးသော အကြောင်းအရာများအပေါ် တည်းဖြတ်ထိန်းချုပ်မှုမရှိပါ။ သုံးစွဲသူ အကြောင်းအရာအပါအဝင် တတိယအဖွဲ့အစည်းများမှ ဖော်ပြသော သို့မဟုတ် ဖန်တီးထားသော အကြောင်းအရာ၏ အစိတ်အပိုင်းပါဝင်သည့် ထင်မြင်ချက်များ၊ အကြံဉာဏ်၊ အဆိုပြုချက်များ၊ ဝေဖန်ချက်များ၊ ဝန်ဆောင်မှုများ၊ ကမ်းလှမ်းချက်များ သို့မဟုတ် အခြားအချက်အလက်များသည် သက်ဆိုင်ရာ စာရေးသူများ သို့မဟုတ် ဖြန့်ဝေသူများ၏ အာဘော်များသာဖြစ်၍ Gameloft Inc. သို့မဟုတ် ၎င်း၏ လက်အောက်ခံအဖွဲ့များ သို့မဟုတ် ၎င်းတို့၏ အရာရှိများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ သို့မဟုတ် ကိုယ်စားလှယ်များ၏ အာဘော်များ မဟုတ်ပါ။ ကျွန်ုပ်တို့သည် သုံးစွဲသူအကြောင်းအရာများနှင့် တတိယအဖွဲ့များမှ တင်သော အခြားအကြောင်းအရာများကို စစ်ထုတ်ရန် သို့မဟုတ် ပယ်ဖျက်ရန် အခွင့်အရေးရှိသည်ဆိုသော်ငြားလည်း ကျွန်ုပ်တို့သည် သုံးစွဲသူအကြောင်းအရာနှင့် အခြားတတိယအဖွဲ့ အကြောင်းအရာများကို အကန့်အသတ်ရှိသည့် ဝင်ထွက်ခွင့်ပြုသူတစ်ဦး၏အနေအထားမျှဖြင့်သာ ဆန်းစစ်ပြီး သုံးစွဲသူအကြောင်းအရာနှင့် အခြားတတိယအဖွဲ့အစည်း၏ အကြောင်းအရာများမှာ ဤသဘောတူညီချက်ကို ချိုးဖောက်ခြင်းရှိမရှိနှင့် ဖြစ်ရပ်အများစုတွင် ထိုသို့ဖြစ်လာမည်ဟုတ်မဟုတ်စသည်တို့နှင့် ပတ်သက်၍ ကျွန်ုပ်တွင် တာဝန်ရှိမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် Gameloft Inc. မဟုတ်သော တစ်ဦးဦးမှ ဝန်ဆောင်မှုများသို့ ပို့စ်တင်သည့် သုံးစွဲသူအကြောင်းအရာ သို့မဟုတ် အခြားအကြောင်းအရာတစ်ခုခုအတွက် ထောက်ခံပေးခြင်း သို့မဟုတ် တာဝန်ခံခြင်းရှိမည်မဟုတ်ပါ။

သင်သည် သင်၏ သုံးစွဲသူအကြောင်းအရာ ပိုင်ဆိုင်မှုအပြည့်အဝအား ထိန်းသိမ်းထားသကဲ့သို့ပင် (အထက်တွင် ကျွန်ုပ်တို့အား ခွင့်ပြုထားနိုင်ဖွယ်ရှိသည့် လိုင်စင်) ဝန်ဆောင်မှုသုံးစွဲသူ အခြားသူများတွင်လည်း ၎င်းတို့၏ သုံးစွဲသူအကြောင်းအရာကို ပိုင်ဆိုင်ခွင့်ရှိမည်ဖြစ်သည်။ သင်သည် မည်သည့် သုံးစွဲသူအကြောင်းအရာကိုမဆို တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပြင်ဆင်ခြင်း၊ ဖယ်ရှားခြင်း၊ ဖျက်ပစ်ခြင်း၊ ထပ်တိုးခြင်း၊ ပေါင်းထည့်ခြင်း၊ ထုတ်ဝေခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ရောင်းချခြင်းတွင် ပါဝင်ခြင်း၊ ဆင့်ပွားခိုးယူရန်ဖန်တီးခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတို့ မပြုလုပ်ရပါ။

 

F. မိမိသဘောဖြင့် တင်သွင်းမှုများ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖောက်သည်များထံမှ ဝေဖန်သုံးသပ်ချက်များ ကြားသိစေလိုပြီး ကျွန်ုပ်တို့၏ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် ၎င်းတို့၏ ဝေဖန်ချက်များကို ကြိုဆိုပါသည်။ သို့သော် ကံမကောင်းစွာဖြင့် အချိန်ကြာမြင့်စွာတည်ရှိနေသည့် ကုမ္ပဏီမူဝါဒမှ အထူးတလည်တောင်းဆိုထားသည့်အရာများအပြင် အတွေးသစ်များ၊ အကြံပြုချက်များ သို့မဟုတ် ရုပ်ဝတ္ထု ပစ္စည်းများကို လက်ခံရန် သို့မဟုတ် ထည့်သွင်းစဉ်းစားရန် ခွင့်ပြုမထားပါ။ ယင်းမှာ ကျွန်ုပ်တို့၏အတတ်ပညာရှင်ဝန်ထမ်းများမှ ဆောင်ရွက်သော ပရောဂျက်များကို အခြားသူများက ၎င်းတို့၏ ကိုယ်ပိုင် ဆန်းသစ်တီထွင်ထားသည့်လက်ရာများနှင့် အသွင်တူသည်ဟု ထင်မှတ်သည့်အခါ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်သည့် နားလည်မှုလွဲမှားမှုများကို ရှောင်ကြဉ်ရန်အတွက် ဤမူဝါဒ၏ ရည်ရွယ်ချက်ဖြစ်ကြောင်း သင့်အနေနှင့် နားလည်နိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ သို့ဖြစ်ပါ၍ ဂိမ်းနှင့်ပတ်သက်သည့် အတွေးအခေါ်များ သို

အသုံးပြုမှု စည်းမျဉ်းများ ကိုယ်ရေးလုံခြုံမှု မူဝါဒ
EULA ဥပဒေအရ အသိပေးချက်များ
© 2002-2024 Gameloft။ အခွင့်အရေးအားလုံးနှင့် သက်ဆိုင်သည်။ Gameloft နှင့် Gameloft လိုဂိုသည် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများတွင် Gameloft ၏ ကုန်တံဆိပ်ဖြစ်သည်။
အခြား ကုန်တံဆိပ် အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှု ဖြစ်သည်။