images/SVG/close-icon_white

EULA

 

အရေးကြီးသည် - သေချာဖတ်ပါ- ဤအသုံးပြုသူဆိုင်ရာ လိုင်စင် သဘောတူညီချက် ('EULA') တွင် ဖော်ပြထားသော အခွင့်အရေးနှင့် ကန့်သတ်ချက်အားလုံးကို သေချာဖတ်ရှုပြီး နားလည်သဘောပေါက်ကြောင်း သေချာပါစေ။

 

သဘောတူညီချက်

ဤမှတ်တမ်းသည် သင်နှင့် Gameloft S.E. နှင့် ၎င်း၏လက်အောက်ခံ ကုမ္ပဏီများ ('ကုမ္ပဏီ') အကြား သဘောတူညီချက် ဖြစ်ပါသည်။ ဤ EULA တွင် ပါဝင်သော စည်းမျဉ်းအားလုံးကို လက်ခံသည့် အခြေအနေတွင် ဆော့ဖ်ဝဲနှင့် အတူပါဝင်သော ပုံနှိပ်ထုတ်ထားသည့် စာရွက်စာတမ်းများမှန်သမျှကို သင်တစ်ဦးတည်းအား လိုင်စင်ပေးထားပါသည်။

ဆော့ဖ်ဝဲကို ထည့်သွင်းခြင်း သို့မဟုတ် အသုံးပြုခြင်းဖြင့် ဤ EULA ၏ စည်းမျဉ်းများကို လိုက်နာရန် သင်သဘောတူပါသည်။ ဤ EULA ၏ စည်းမျဉ်းများကို လိုက်နာရန် သင်သဘောမတူပါက- (i) ဆော့ဖ်ဝဲကို အသုံးမပြုပါနှင့် သို့မဟုတ် မထည့်သွင်းပါနှင့်၊ (ii) ဆော့ဖ်ဝဲကို ဝယ်ယူထားပါက ဆော့ဖ်ဝဲနှင့် ဝယ်ယူထားကြောင်း သက်သေအပါအဝင် အတူပါဝင်သော စာရွက်စာတမ်းအားလုံးကို ဝယ်ယူသည့်နေရာသို့ ပြန်ပို့၍ ပြန်အမ်းငွေထုတ်ယူပါ။

ဆော့ဖ်ဝဲထည့်သွင်းသည့်အခါ EULA ၏ စည်းမျဉ်းများအား ပြန်စစ်ဆေးပြီး 'ကျွန်ုပ်လက်ခံသည်' ခလုတ်ကို နှိပ်ခြင်းဖြင့် လက်ခံမည် သို့မဟုတ် လက်မခံမည်ကို သင့်အားမေးမြန်းပါမည်။ 'ကျွန်ုပ်လက်ခံသည်' ခလုတ်ကို နှိပ်ခြင်းဖြင့် သင်သည် EULA ကို ဖတ်ရှုပြီးဖြစ်ကြောင်း၊ ၎င်းကို နားလည်ပြီး ၎င်း၏ စည်းမျဉ်းနှင့် သတ်မှတ်ချက်များကို လိုက်နာမည်ဖြစ်ကြောင်း သဘောတူပါသည်။ 

 

မူပိုင်ခွင့်

ဆော့ဖ်ဝဲကို မူပိုင်ခွင့် ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ မူပိုင်ခွင့် သဘောတူညီချက်များတို့အပြင် ဉာဏပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေနှင့် သဘောတူညီချက်များက ကာကွယ်ထားပါသည်။ ဆော့ဖ်ဝဲပါ/ဆော့ဖ်ဝဲနှင့် သက်ဆိုင်သော ခေါင်းစဉ်နှင့် မူပိုင်ခွင့်အားလုံး (ပုံများ၊ ဓာတ်ပုံများ၊ လှုပ်ရှားသက်ဝင်ပုံများ၊ ဗီဒီယို၊ တေးဂီတ၊ စာသားနှင့် ဆော့ဖ်ဝဲအတွင်းသို့ ထည့်သွင်းထားသော 'အပလီကေးရှင်း အသေးများ' များပါဝင်သော်လည်း ၎င်းတို့ကိုသာ ကန့်သတ်မထားပါ)နှင့် ဆော့ဖ်ဝဲနှင့်အတူပါဝင်သော ပုံနှိပ်ထုတ်ထားသည့် စာရွက်စာတမ်းများမှန်သမျှကို ကုမ္ပဏီ သို့မဟုတ် ၎င်း၏လိုင်စင်ထုတ်ပေးသူများက ပိုင်ဆိုင်ပါသည်။

 

လိုင်စင်၏ ခွင့်ပြုချက်

ဆော့ဖ်ဝဲကို သင့်အားလိုင်စင်ပေးထားပြီး ၎င်း၏အသုံးပြုမှုမှာ ဤ EULA အတိုင်း ဖြစ်သည်။ ကုမ္ပဏီသည် သင့်အား သင်၏မိုဘိုင်းဖုန်းပေါ်တွင် ထည့်သွင်းရန် ရည်ရွယ်ချက်တစ်ခုတည်းအတွက်သာ ဆော့ဖ်ဝဲကိုအသုံးပြုရန် ကန့်သတ်ချက်ရှိသော တစ်ကိုယ်ရေသုံးဖြစ်သည့် အထူးသီးသန့်မဟုတ်သော လိုင်စင်ကို ပေးပါသည်။ ဤ EULA တွင် သင့်အား အထူးတလည်ရည်ရွယ်၍ ခွင့်ပြုမထားသည့် လုပ်ပိုင်ခွင့်အားလုံးကို ကုမ္ပဏီက ပိုင်ဆိုင်ပါသည်။ 

 

ခွင့်ပြုထားသည့် အသုံးပြုမှုများ

1. ဆော့ဖ်ဝဲအား ဟာ့ဒ်ဒရိုက်ဗ်တစ်ခုပေါ်တွင် ဖွင့်ရန်အတွက် စီစဉ်သတ်မှတ်ထားပါက ၎င်းကိုထည့်သွင်းပြီး သင့်မိုဘိုင်းဖုန်းပေါ်တွင် အသုံးပြုနိုင်ရန် ဆော့ဖ်ဝဲကို ကွန်ပျူတာတစ်ခုပေါ်တွင် ထည့်သွင်းနိုင်သည်။ 
2. အရန်သိမ်းရန်နှင့် မှတ်တမ်းပြုလုပ်ရန် ရည်ရွယ်ချက်များအတွက် ဆော့ဖ်ဝဲ၏မိတ္တူတစ်ခုကို ပြုလုပ်၍ သိမ်းထားနိုင်သည်၊ ထို့ကြောင့် ဆော့ဖ်ဝဲ၏ မူရင်းနှင့် မိတ္တူကို သင့်ပိုင်ဆိုင်မှုအတွင်း သိမ်းထားကြောင်း ဆိုလိုပါသည်။ 
3. ဤ EULA တွင် ပါဝင်သော သင့်အခွင့်အရေးအားလုံးကို အပြီးလွှဲပြောင်းနိုင်သည်၊ ထို့ကြောင့် သင့်တွင်မည်သည့် မိတ္တူမျှမရှိကြောင်း၊ ဆော့ဖ်ဝဲအားလုံးကို လွှဲပြောင်း (ပါဝင်မှု အစိတ်အပိုင်းအားလုံး၊ မီဒီယာနှင့် ပုံနှိပ်ထုတ်ထားသော အရာများနှင့် အဆင့်မြှင့်တင်မှု မှန်သမျှ) ပြီး လက်ခံသူက ဤ EULA ကို လက်ခံကြောင်း ဆိုလိုပါသည်။ 

 

ကန့်သတ်ချက်များ

1. ဆော့ဖ်ဝဲ သို့မဟုတ် အတူပါဝင်သော ပုံနှိပ်ထုတ်ထားသည့် အရာများပေါ်ရှိ မည်သည့် မူပိုင်ခွင့်၊ အမှတ်တံဆိပ် သို့မဟုတ် အခြားဉာဏပိုင်ဆိုင်မှုဆိုင်ရာ သတိပေးချက်တို့ကိုမဆို မဖျက်ရပါ သို့မဟုတ် မဖုံးကွယ်ရပါ။ 
2. ဆော့ဖ်ဝဲကို ခွဲထုတ်ခြင်း၊ ပြုပြင်ခြင်း၊ ရေးသားထားမှုကို ပြောင်းပြန်ပြုလုပ်ခြင်း၊ ဖြုတ်ကြည့်ခြင်း သို့မဟုတ် ပြန်လည်ထုတ်လုပ်ခြင်းတို့ မပြုလုပ်ရပါ။ 
3. ဆော့ဖ်ဝဲကို မိတ္တူကူးခြင်း၊ ငှားရမ်းခြင်း၊ စာချုပ်ဖြင့် ငှားခြင်း၊ လိုင်စင်ခွဲခြင်း၊ ဖြန့်ချိခြင်း၊ အများမြင်အောင် ပြသခြင်း၊ ဆော့ဖ်ဝဲပေါ်တွင် အခြေခံသော ဆင့်ပွားလက်ရာများ ဖန်တီးခြင်း (ဤသဘောတူညီချက်၏ တည်းဖြတ်စနစ်နှင့် အသုံးပြုသူ၏ မူကွဲကဏ္ဍ သို့မဟုတ် ဆော့ဖ်ဝဲနှင့် အတူပါလာသော အခြားစာရွက်စာတမ်းတွင် အတိအကျခွင့်ပြုထားသည့် အတိုင်းအတာမှလွဲ၍) သို့မဟုတ် ဆော့ဖ်ဝဲကို စီးပွားရေးအရ ခေါင်းပုံဖြတ်ခြင်းတို့ မပြုလုပ်ရပါ။ 
4. ဆော့ဖ်ဝဲကို ကွန်ပျူတာတစ်လုံး၊ ကွန်ဆိုးလ်တစ်ခု သို့မဟုတ် အခြားပလက်ဖောင်းတစ်ခုမှ နောက်တစ်ခုသို့ အီလက်ထရွန်းနစ်နည်းပညာဖြင့် သို့မဟုတ် ကွန်ရက်ပေါ်မှတစ်ဆင့် လွှင့်ထုတ်ခြင်း မပြုလုပ်ရပါ။ 
5. မူရင်းပျက်စီးသွားသည့်အခါ သို့မဟုတ် ချွတ်ယွင်းသွားသည့်အခါတွင် ၎င်းကို အစားထိုးရန် ရည်ရွယ်ချက်အတွက်မှလွဲ၍ အရန်သိမ်းထားသော သို့မဟုတ် မှတ်တမ်းတင်ထားသော မိတ္တူကို အသုံးမပြုရပါ။ 

 

အစမ်းသုံး ဗားရှင်းများ

ဆော့ဖ်ဝဲကို ကန့်သတ်အချိန်ကာလတစ်ခု သို့မဟုတ် အကြိမ်ရေအတွက် အစမ်းသုံးရန် ပေးအပ်ထားခြင်းဖြစ်လျှင် အစမ်းသုံးကာလ သက်တမ်းကုန်သွားသည့်နောက် ဆော့ဖ်ဝဲကို ဆက်လက်အသုံးမပြုရန် သဘောတူပါသည်။ ဆော့ဖ်ဝဲတွင် အဆိုပါကန့်သတ်ချက်များမှ ကျော်လွန်မသွားစေရန် ရေးဆွဲထားသောကုဒ် ပါဝင်နိုင်ပြီး နောက်မိတ္တူတစ်ခုကို ထည့်သွင်း၍ အစမ်းသုံးကာလကို ထပ်မံအသုံးပြုခြင်းမှ ကာကွယ်ရန်ကို ဆော့ဖ်ဝဲကိုဖျက်ပြီးသော်လည်း ထိုကုဒ်က သင့်ကွန်ပျူတာတွင် ကျန်ရှိနေနိုင်သည်ကို သိရှိပြီး သဘောတူပါသည်။

 

တည်းဖြတ်စနစ်နှင့် အသုံးပြုသူ၏ မူကွဲများ

ဆော့ဖ်ဝဲတွင် ၎င်းကိုပြုပြင်ရန် သို့မဟုတ် မူကွဲအသစ်များ တည်ဆောက်ရန် ခွင့်ပြုသည့် ဝန်ဆောင်မှု ('တည်းဖြတ်စနစ်' တစ်ခု) ပါဝင်လျှင် အဆင့်အသစ်များ တည်ဆောက်ခြင်း အပါအဝင် ဆော့ဖ်ဝဲ၏ ပြုပြင်မှုများ သို့မဟုတ် တိုးမြှင့်မှုများ (ခြုံငုံ၍ 'မူကွဲများ' ဟုခေါ်ဆိုမည်) ဖန်တီးရန် အောက်ပါကန့်သတ်ချက်များအတိုင်း လိုက်နာ၍ ဤတည်းဖြတ်စနစ်ကို အသုံးပြုနိုင်သည်။ သင်၏ မူကွဲများ- (i) ဆော့ဖ်ဝဲ၏ အပြည့်အဝ မှတ်ပုံတင်ထားသော မိတ္တူဖြင့်သာ ပြုလုပ်ရပါမည်၊ (ii) ထုတ်ယူနိုင်သော မည်သည့်ဖိုင်မဆိုသို့ ပြုပြင်မှုများ မပါဝင်ရပါ၊ (iii) သိက္ခာချသော၊ အသရေပျက်စေသော၊ တရားမဝင်သော အကြောင်းအရာ၊ ပြင်ပအဖွဲ့တစ်ခုခု၏ ကိုယ်ရေးကိုယ်တာ သို့မဟုတ် အများပြည်သူဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်သော သို့မဟုတ် ကောလဟာလဖြစ်သော အကြောင်းအရာတို့ မပါဝင်ရပါ၊ (iv) မည်သည့် အမှတ်တံဆိပ်၊ မူပိုင်ခွင့်ဖြင့် ကာကွယ်ထားသောအရာ သို့မဟုတ် အခြားပြင်ပအဖွဲ့၏ ပိုင်ဆိုင်မှုမျှ မပါဝင်ရပါ၊ ထို့ပြင် (v) ရောင်းချရန် ရနိုင်သော အဆိုပါမူကွဲများကို ပြုလုပ်ခြင်း သို့မဟုတ် ကစားသည့်အတိုင်း ငွေပေးရခြင်း သို့မဟုတ် အချိန်နှင့်မျှသုံးသည့် ဝန်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တို့ပါဝင်သော်လည်း ကန့်သတ်မထားသော စီးပွားရေးအရ အမြတ်ထုတ်ခြင်းများ မပြုလုပ်ရပါ။

 

ရပ်စဲခြင်း

ဤ EULA ကို မရပ်စဲမခြင်း အကျိုးသက်ရောက်မှု ရှိပါသည်။ ဆော့ဖ်ဝဲကို ဖျက်လိုက်ခြင်းဖြင့် EULA ကို အချိန်မရွေး ရပ်စဲနိုင်ပါသည်။ ဤ EULA ၏ ဖော်ပြချက်တစ်ခုခုကို လိုက်နာရန် ပျက်ကွက်ပါက ကုမ္ပဏီမှ သတိပေးခြင်းမပြုဘဲ ဤ EULA ကို အလိုအလျောက် ရပ်စဲပါမည်။ အာမခံချက်များ၊ တာဝန်ခံယူမှု၏ ကန့်သတ်ချက်များ၊ ပြင်ဆင်ပေးမှုများနှင့် ထိခိုက်မှုများဖြစ်သော ဤ EULA ပါ ဖော်ပြချက်အားလုံးသည် ရပ်စဲခြင်းပြုလိုက်သော်လည်း ဆက်လက်သက်ရောက်ပါသည်။ 

 

ကန့်သတ် အာမခံနှင့် အာမခံများအတွက် ငြင်းဆိုချက်

ဆော့ဖ်ဝဲနှင့် ၎င်းကူးယူထားသော မီဒီယာများအား အသုံးပြုမှုသည် သင့်တွင်အန္တရာယ်ရှိကြောင်း သိရှိပြီး သဘောတူညီပါသည်။ ဆော့ဖ်ဝဲနှင့် မီဒီယာကို 'လက်ရှိအတိုင်း' ပံ့ပိုးပါသည်။ သက်ဆိုင်ရာ ဥပဒေက ပေးအပ်မထားပါက ဝယ်ယူသည့်နေ့စွဲမှ ရက်သုံးဆယ် (30) အထိ ပုံမှန်အသုံးပြုမှုအတွက် ဆော့ဖ်ဝဲထည့်သွင်းထားသော မီဒီယမ်ပါ ပစ္စည်းများနှင့် လက်ရာတို့ ချွတ်ယွင်းမှုမရှိကြောင်း ကုမ္ပဏီက ဤထုတ်ကုန်၏ မူရင်းဝယ်ယူသူကို အာမခံပေးပါသည်။ မတော်တဆမှု၊ ဖျက်ဆီးမှု၊ လျစ်လျူရှုမှု သို့မဟုတ် မှားယွင်းအသုံးပြုမှုတို့ကြောင့် ချွတ်ယွင်းမှုဖြစ်လျှင် အာမခံပျက်ပြယ်ပါသည်။ ဆော့ဖ်ဝဲက ဤအာမခံနှင့် မကိုက်ညီပါက ချွတ်ယွင်းမှုရှိသော ဆော့ဖ်ဝဲကို ပြန်ပို့သည့်အခါ သင်တစ်ဦးတည်းအတွက် သီးသန့် ပြင်ဆင်မှု၊ အစားထိုးပေးမှုကို အခမဲ့ ရရှိနိုင်ပါသည်။ ဆော့ဖ်ဝဲ သို့မဟုတ် ၎င်း၏လုပ်ဆောင်မှုများ သို့မဟုတ် ဆောင်ရွက်ချက်များသည် သင်၏လိုအပ်ချက်များနှင့် အညီဖြစ်မည်၊ သို့မဟုတ် ဆော့ဖ်ဝဲအသုံးပြုမှုသည် အနှောင့်အယှက်မရှိ သို့မဟုတ် အမှားအယွင်းမရှိဟူ၍ ကုမ္ပဏီက အာမမခံပါ။

သက်ဆိုင်ရာ ဥပဒေက ခွင့်ပြုထားသော အတိုင်းအတာအပြည့်အစုံအထိ၊ အထက်တွင် သတ်မှတ်ထားသော အာမခံမှုဖော်ပြချက်အတွက်မှ လွဲပြီး တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော၊ ကုန်သွယ်နိုင်မှုဆိုင်ရာ သွယ်ဝိုက်သော အာမခံများ၊ သတ်မှတ်ထားသော ရည်ရွယ်ချက်နှင့် သဘောတူညီချက်အတွက် သင့်လျော်မှုတို့ အပါအဝင် ကန့်သတ်ချက်မရှိသော အာမခံအားလုံးကို ကုမ္ပဏီက ငြင်းဆိုပါသည်။ အထက်တွင် သတ်မှတ်ထားသော အမခံမှုဖော်ပြချက်အတွက်မှ လွဲပြီး ဆော့ဖ်ဝဲအသုံးပြုမှု သို့မဟုတ် အသုံးပြုမှု၏ ရလဒ်များ- ဥပမာ ၎င်း၏မှန်ကန်မှု၊ တိကျမှု၊ ယုံကြည်ရမှု၊ လက်ရှိဖြစ်မှု သို့မဟုတ် မဖြစ်မှုတို့နှင့် ပတ်သက်သော အာမခံမှု၊ တာဝန်ယူမှု သို့မဟုတ် ကိုယ်စားပြုမှု တစ်စုံတစ်ရာကို ကုမ္ပဏီက မပေးပါ။ အချို့တရားစီရင်ပိုင်ခွင့်များက သွယ်ဝိုက် အာမခံမှုများဆိုင်ရာ ဖယ်ထုတ်ချက်များ သို့မဟုတ် ကန့်သတ်ချက်များကို ခွင့်မပြုပါ၊ ထို့ကြောင့် အထက်ပါ ဖယ်ထုတ်ချက်များနှင့် ကန့်သတ်ချက်များက သင့်အတွက် အကျုံးမဝင်ပါ။

 

တာဝန်ခံယူမှု၏ ကန့်သတ်ချက်များ

ဆော့ဖ်ဝဲကို အသုံးပြုမှု သို့မဟုတ် အသုံးမပြုနိုင်မှုမှ ဖြစ်ပေါ်လာသော သို့မဟုတ် ၎င်းတို့နှင့်ဆက်နွယ်သော မတော်တဆ၊ သွယ်ဝိုက်၊ အထူး၊ အကျိုးဆက် သို့မဟုတ် ဒဏ်ခတ်​သော ထိခိုက်မှုများ၊ သို့မဟုတ် မည်သို့သော ထိခိုက်မှုမျိုးမဆို (လူတစ်ဦး သို့မဟုတ် ပိုင်ဆိုင်မှုတစ်ခုကို နစ်နာစေသော၊ ဆုံးရှုံးမှု/အကျိုးအမြတ်၊ လုပ်ငန်း အနှောင့်အယှက်ဖြစ်ခြင်း၊ လုပ်ငန်းဆိုင်ရာ အချက်အလက်များ ဆုံးရှုံးခြင်း၊ ပုဂ္ဂိုလ်ရေးလုံခြုံမှု ဆုံးရှုံးခြင်း၊ တာဝန်တစ်ခုခုပြည့်စုံရန် ပျက်ကွက်ခြင်းနှင့် လျစ်လျူရှုမှုတို့ အပါအဝင်ဖြစ်ပြီး ကန့်သတ်ထားခြင်းမရှိသော) ကို ကုမ္ပဏီက သို့မဟုတ် ကုမ္ပဏီ၏ လုပ်ပိုင်ခွင့်ရကိုယ်စားလှယ်က အဆိုပါထိခိုက်မှုများ ဖြစ်နိုင်ခြေရှိသည်ဟု အကြံပြုထားစေကာမူ ကုမ္ပဏီ သို့မဟုတ် ၎င်း၏ဝန်ထမ်းများ သို့မဟုတ် လိုင်စင်ပေးသူများက မည်သည့်အဖြစ်အပျက်ကိုမျှ တာဝန်ခံယူနိုင်မှု မရှိပါ။ အချို့တရားစီရင်ပိုင်ခွင့်များက မတော်တဆ သို့မဟုတ် အကျိုးဆက် ထိခိုက်မှုများအတွက် တာဝန်ခံယူမှုဆိုင်ရာ ဖယ်ထုတ်ချက်ကို ခွင့်မပြုပါ၊ ထို့ကြောင့် အထက်ပါ ဖယ်ထုတ်ချက်များက သင့်အတွက် အကျုံးမဝင်ပါ။ 

ဆော့ဖ်ဝဲအတွက် သင်အမှန်တကယ် ပေးချေထားသည် ထက်ပိုသော ပမာဏများကဲ့သို့ ဆော့ဖ်ဝဲနှင့်ပတ်သက်သော ထိခိုက်မှုများအတွက် မည်သည့်အဖြစ်အပျက်တွင်မှ ကုမ္ပဏီက တာဝန်ခံယူမှု မရှိပါ။

 

ဥပဒေနှင့် နေရာ ရွေးချယ်မှု

ဤ EULA ကို ပြင်သစ်နိုင်ငံ၏ ဥပဒေများက ထိန်းချုပ်ပြီး ဤ EULA မှ ထွက်ပေါ်လာသည့် အငြင်းပွားဖွယ်မှန်သမျှကို ပဲရစ် တရားရုံးများ၏ အထူးသီးသန့် တရားစီရင်ပိုင်ခွင့်သို့သာ ပေးပို့ရန် သင်သဘောတူပါသည်။

 

အထွေထွေ

ဤ EULA ၏ ဖော်ပြမှုတစ်စုံတစ်ခု သို့မဟုတ် တစ်စိတ်တစ်ပိုင်းက ဥပဒေနှင့်မညီညွတ်ပါက၊ ပျက်ပြယ်ပါက သို့မဟုတ် အကြောင်းပြချက် တစ်ခုခုကြောင့် ပြဌာန်း၍မရပါက EULA ၏ ကျန်ရှိသော ဖော်ပြချက်များ၏ တရားဝင်မှု သို့မဟုတ် ပြဌာန်းနိုင်မှုကို မည်သည့်နည်းနှင့်မျှ အကျိုးသက်ရောက်မှု မရှိပါ။

ဤ EULA တွင် ဆော့ဖ်ဝဲ ၎င်း၏အသုံးပြုမှုတို့နှင့် ပတ်သက်ပြီး သင်နှင့် ကုမ္ပဏီအကြား သဘောတူညီချက်တစ်ခုလုံး ပါဝင်သည်။

အသုံးပြုမှု စည်းမျဉ်းများ ကိုယ်ရေးလုံခြုံမှု မူဝါဒ
EULA ဥပဒေအရ အသိပေးချက်များ
© 2002-2024 Gameloft။ အခွင့်အရေးအားလုံးနှင့် သက်ဆိုင်သည်။ Gameloft နှင့် Gameloft လိုဂိုသည် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများတွင် Gameloft ၏ ကုန်တံဆိပ်ဖြစ်သည်။
အခြား ကုန်တံဆိပ် အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှု ဖြစ်သည်။