images/SVG/close-icon_white

GAMELOFT ကိုယ်ရေးလုံခြုံမှု မူဝါဒ

သင်၏ လုံခြုံရေးသည် ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်၊ ထို့ပြင် ၎င်းကို အလေးအနက်ထား ဂရုစိုက်ရန် ကျွန်ုပ်တို့ တာဝန်ယူပါသည်။ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးလုံခြုံမှု အခွင့်အရေးများကို လေးစားပြီး သင့်အကြောင်း စုဆောင်းထားသည့် ကိုယ်ရေး အချက်အလက်များကို ကာကွယ်ရန် အလေးထားပါသည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် Gameloft က စုဆောင်းသည့် အချက်အလက်များနှင့် ၎င်းကို ကျွန်ုပ်တို့ မည်ကဲ့သို့ အသုံးပြုမည်၊ အသိပေးဖော်ပြမည်၊ ပြောင်းရွှေ့မည်၊ သိမ်းဆည်းမည်ကို ဖော်ပြထားသည်။ သင်သည် ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသော နည်းလမ်းများဖြင့် Gameloft က သင့် အချက်အလက်ကို စုဆောင်း၊ သိမ်းဆည်း၊ အသုံးပြု သို့မဟုတ် မျှဝေခြင်း မပြုလုပ်စေလိုပါက သင်သည် ကျွန်ုပ်တို့၏ ဂိမ်းများကို ကစားခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းတို့ ပြုလုပ်နိုင်မည် မဟုတ်ပါ။

Gameloft SE နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ (''Gameloft'') သည် ဤကိုယ်ရေးလုံခြုံမှု မူဝါဒ (''ကိုယ်ရေးလုံခြုံမှု မူဝါဒ'') နှင့်အညီ Gameloft ၏ ဂိမ်းများ၊ မိုဘိုင်း အပလီကေးရှင်းများ၊ ဝန်ဆောင်မှုများနှင့် ဝဘ်ဆိုက်များ (''ဝန်ဆောင်မှုများ'' ဟု တစ်စုတစ်စည်းတည်း ခေါ်ဆိုသည်) ကို ထောက်ပံ့ပြီး ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရန် ဒေတာစုဆောင်းသူအနေနှင့် သင်၏ အချက်အလက်များကို စုဆောင်း၊ သိမ်းဆည်းပြီး အသုံးပြုပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှု အားလုံးကို မိုဘိုင်း စက်ပစ္စည်းများတွင်ဖြစ်စေ၊ များတွင် ဖြစ်စေ သို့မဟုတ် အခြား ပလက်ဖောင်းများတွင် ဖြစ်စေ အသုံးပြုလျှင် ဤကိုယ်ရေးလုံခြုံမှု မူဝါဒဖြင့် ထိန်းချုပ်ပါသည်။

ဝန်ဆောင်မှုများကို အသုံးပြုခြင်းအားဖြင့် သင်သည်၊ ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို လက်ခံသဘောတူပါသည်။

ဤကိုယ်ရေးလုံခြုံမှု မူဝါဒသည် မေလ 22၊ 2018 တွင် စတင် အကျိုးသက်ရောက်မှု ရှိပါသည် ၎င်းကို ဇွန်လ 20၊ 2018 တွင် နောက်ဆုံး ပြင်ဆင်ခဲ့ပါသည်။

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါနှင့် သို့မဟုတ် ကျင့်သုံးမှုများနှင့် ပတ်သက်ပြီး သင့်တွင် မေးခွန်းများ၊ မှတ်ချက်များ သို့မဟုတ် စိုးရိမ်မှုများ ရှိပါက ကျေးဇူးပြုပြီး အောက်ပါ “ကျွန်ုပ်တို့ကို ဆက်သွယ်ရန် နည်းလမ်း” ကို ကြည့်ပါ။


1 – သင့် အချက်အလက်ကို ကျွန်ုပ်တို့ စုဆောင်းပုံ

Gameloft က သင် အောက်ပါတို့ကို ပြုလုပ်သည့်အခါ သင့်ထံမှ အချက်အလက် စုဆောင်းပါသည်- (a) အကောင့်ဖန်တီးခြင်း၊ (b) ကျွန်ုပ်တို့၏ ဂိမ်းများကို ကစားခြင်း သို့မဟုတ် ဂိမ်းနှင့် သက်ဆိုင်သော ဝန်ဆောင်မှုများကို အသုံးပြုခြင်း၊ (c) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအတွင်းမှ ဝယ်ယူခြင်း၊ (d) အသုံးပြုသူ-ထုတ်လုပ်သော အကြောင်းအရာများ ဖန်တီးခြင်း၊ (e) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအတွင်း ကြော်ငြာများ ကြည့်ခြင်း၊ (f) သတင်းပေးစာအတွက် စာရင်းသွင်းခြင်း၊ (g) Gameloft သုံးစွဲသူ ဝန်ဆောင်မှုကို ဆက်သွယ်ပြီး နည်းပညာ-ပံ့ပိုးမှု အပိုင်းများတွင် ပါဝင်ခြင်း၊ (h) Gameloft က ကျင်းပသော ပြိုင်ပွဲ ဝင်ပြိုင်ခြင်း သို့မဟုတ် စိန်ခေါ်မှုတွင် ပါဝင်ခြင်း၊ (i) အခြား ဝန်ဆောင်မှု အသုံးပြုသူများနှင့် စကားပြောခြင်း၊ (j) စမ်းသပ်ကစားခြင်းတွင် ပါဝင်ရန် စိတ်ဝင်စားကြောင်း ပေးပို့ခြင်း၊ (k) ကျွန်ုပ်တို့၏ လူမှု-မီဒီယာ ချန်နယ်များနှင့် အခြား လူမှု အသိုင်းအဝိုင်း ဝဘ်ဆိုက်များ သို့ မျှဝေခြင်း သို့မဟုတ် အကျိုးပြုခြင်း သို့မဟုတ် (l) အလုပ်လျှောက်ခြင်း။


2 – ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်များ

Gameloft သည် ဤနေရာတွင် သတ်မှတ်ထားသော ရည်ရွယ်ချက်များဖြင့် ကန့်သတ်ထားသည့် သင့်လျော်သော သက်ဆိုင်ရာ အချက်အလက်များကိုသာ စုဆောင်းပါသည်။

a – သင် ကျွန်ုပ်တို့ကို ပေးသော အချက်အလက်များ

b – သင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုစဉ် ကျွန်ုပ်တို့ သင့်ထံမှ တိုက်ရိုက် အလိုအလျောက် စုဆောင်းသော အချက်အလက်များ

c – ကျွန်ုပ်တို့၏ ပါတနာများထံမှ ရရှိသော အချက်အလက်များ


3 – သင့် အချက်အလက်ကို ကျွန်ုပ်တို့ အသုံးပြုပုံ

ကျွန်ုပ်တို့သည် အဓိကအားဖြင့် ထိုအချက်အလက်များကို သင့်အား ပိုမိုကောင်းမွန်သော ဂိမ်းကစားသည့် အတွေ့အကြုံ ပံ့ပိုးရန် အသုံးပြုသော်လည်း ကျွန်ုပ်တို့သည် သင့် အချက်အလက်များကို သီးသန့်ဖြစ်စေ ပေါင်းစပ်၍ဖြစ်စေ အောက်ပါအတိုင်း အသုံးပြုပါသေးသည်-

ကျွန်ုပ်တို့၏ လုပ်ငန်းကို လည်ပတ်ရန်နှင့် သင့်ဂိမ်းကစားသည့် အတွေ့အကြုံကို ထောက်ပံ့ရန် အောက်ပါတို့အပါအဝင် အခြားအရာများကို လုပ်ဆောင်သည်-

သင့်အား ပံ့ပိုးပေးရန်၊ သင်နှင့် ဆက်သွယ်ရန်နှင့် ကျွန်ုပ်တို့၏ သုံးစွဲသူ ပံ့ပိုးမှုမှတစ်ဆင့် သင်တင်သွင်းလိုက်သော တောင်းဆိုမှုများနှင့် မေးခွန်းများကို တုံ့ပြန်နိုင်ရန်။

ကျွန်ုပ်တို့နှင့် သင်၏ ဆက်သွယ်ရေးကို သင့်အတွက် သီးသန့်ဖြစ်စေရန်နှင့် အောက်ပါအရာများ ပါဝင်သည်-

အထက်ဖော်ပြပါ ရည်ရွယ်ချက် အချို့အတွက်၊ Gameloft သည် ခွဲခြမ်းစိတ်ဖြာမှုများကို အသုံးပြုပြီး လုပ်ဆောင်ပါနိုင်သည်။ ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အချက်အလက်များသည် လုပ်ငန်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် လည်ပတ်မှုများကို ပံ့ပိုးသည်၊ ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်မှုကို ခွင့်ပြုသည်၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ပြုလုပ်သည်၊ အကြောင်းအရာကို သီးသန့်ဖြစ်စေသည်၊ ကြော်ငြာခြင်းကို ထောက်ပံ့သည့်အပြင် အကြံပြုချက်များကိုလည်း ပေးသည်။

သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ (ဥရောပတိုက်သား သုံးစွဲသူများအတွက်) ကို စုဆောင်းခြင်းနှင့် စီစဉ်ခြင်းအတွက် ကျွန်ုပ်တို့၏ ဥပဒေရေးရာ အခြေခံများကို အထက်တွင် ဖော်ပြထားသည်။

ကျွန်ုပ်တို့သည် ပုံမှန်အားဖြင့် သင့်ထံမှ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အောက်ပါတို့အတွက်သာ စုဆောင်းပါမည်-


4 – သင့် အချက်အလက်ကို ကျွန်ုပ်တို့ ထိန်းသိမ်းပုံ

သင် ကျွန်ုပ်တို့၏ ဂိမ်းများကို ကစားနေသ၍ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုနေသ၍၊ ထို့ပြင် ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက် အားလုံးကို ပြည့်မီရန် လိုအပ်သည့် အချိန်ကာလအထိ သင်နေထိုင်ရာ နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ Gameloft သည် သင့် အချက်အလက်များကို ထိန်းသိမ်း၊ အသုံးပြုပြီး သိမ်းဆည်းပါသည်။ အငြင်းပွားမှုများကို ဖြေရှင်းရန်၊ သို့မဟုတ် စည်းမျဉ်းပိုင်းဆိုင်ရာ သို့မဟုတ် ရဲ တောင်းဆိုမှုများအတွက် လိုအပ်သည့် ထိန်းသိမ်းမည့် ကာလသည် ပိုမိုကြာနိုင်သည်ကို သင့်အား ကျွန်ုပ်တို့က အသိပေးလိုပါသည်။ ထိုကဲ့သို့သော ကိစ္စများတွင်၊ တောင်းဆိုမှု ပိတ်သည်ထိ စုဆောင်းထားသော အချက်အလက်များကို အသုံးပြုပြီး သိမ်းဆည်းပါမည်။


5 – သင့် အချက်အလက်ကို ကျွန်ုပ်တို့ မျှဝေပုံ

Gameloft ပါဝင်သူများနှင့်အတူ

ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရန် သင်၏ ကိုယ်ရေး အချက်အလက်များကို အောက်တွင် ဖော်ပြထားသည့်အတိုင်း ကမ္ဘာတစ်လွှားရှိ အခြား Gameloft စတူဒီယိုများ သို့မဟုတ် အဖွဲ့အစည်းများ၊ လက်အောက်ခံ ကုမ္ပဏီများ၊ စီမံဆောင်ရွက်သည့် ကုမ္ပဏီများ သို့မဟုတ် ပြင်ပ အဖွဲ့အစည်းများထံ လွှဲပြောင်းကောင်း လွှဲပြောင်းနိုင်ပါသည် ('နိုင်ငံတကာ လုပ်ငန်းလည်ပတ်မှုများနှင့် သင့်အချက်အလက်များကို လွှဲပြောင်းမှုများ' ကို ကိုးကားဖတ်ရှုပါ)။

ပြင်ပ အဖွဲ့အစည်းများနှင့် ပတ်သက်၍

ကျွန်ုပ်တို့သည် စီမံရန်၊ ခွဲခြမ်းစိတ်ဖြာရန်၊ အကောင်းဆုံးဖြစ်အောင် ချိန်ညှိရန်၊ ကြော်ငြာရန်၊ ဆုလက်ဆောင် ပေးပို့ရန်၊ ဈေးကွက်ရှာဖွေရေးအတွက် အကူအညီဖြစ်စေရန်၊ ဖောက်သည် ဝန်ဆောင်မှုကို ပံ့ပိုးပေးရန်နှင့် ဒေတာများ ခွဲခြမ်းစိတ်ဖြာရန်ကဲ့သို့ ရည်ရွယ်ချက်များအတွက် သင်၏ အချက်အလက်များကို အကန့်အသတ်ဖြင့်သာ သုံးစွဲခွင့်ရှိသည့် ပြင်ပ အဖွဲ့အစည်း ဝန်ဆောင်မှုများကို အသုံးပြုပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် ကျွန်ုပ်တို့ကို ကူညီပေးပါသည်။
ဤရည်ရွယ်ချက်များအတွက်သာ သင်၏ အချက်အလက်များကို အသုံးပြုရန် ဤပြင်ပ အဖွဲ့အစည်းများကို ခွင့်ပြုထားပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုစဉ် Facebook သို့မဟုတ် အခြား ပြင်ပ အဖွဲ့အစည်း လူမှုကွန်ရက် ဝဘ်ဆိုက်များရှိ ''Share'' သို့မဟုတ် ''Like'' ကဲ့သို့ လူမှုမီဒီယာရှိ မျှဝေသည့် လုပ်ဆောင်ချက်များကို အသုံးပြုရန် သင် ဆုံးဖြတ်လိုက်ပါက အဆိုပါ ပြင်ပ အဖွဲ့အစည်း လူမှုကွန်ရက်များထံမှဖြစ်စေ၊ ၎င်းတို့ထံသို့ဖြစ်စေ ကိုယ်ရေး အချက်အလက်နှင့် အခြားသော အချက်အလက်များကို မျှဝေခြင်းနှင့် စုစည်းရယူခြင်းကို ခွင့်ပြုလိုက်ခြင်း ဖြစ်နိုင်ပါသည်။
၎င်းတို့၏ အချက်အလက် စုစည်းရယူမှု အလေ့အထများနှင့် ပတ်သက်သည့် နောက်ထပ် အချက်အလက်များကို သိရှိရန် အဆိုပါ အခြားပြင်ပအဖွဲ့အစည်းများ၏ မူဝါဒများကို ဝင်ရောက်ကြည့်ရှုသင့်ပါသည်။

Gameloft သည် Vivendi အုပ်စုတွင်၊ ပါဝင်သောကြောင့် ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းများအတွက် သင့်အချက်အလက်များကို Vivendi အဖွဲ့အစည်းများထံ လွှဲပြောင်းပေးနိုင်ပါသည်။ ထိုကိစ္စရပ်တွင် သက်ဆိုင်ရာ၊ စီမံကိန်းများ၏ သဘောသဘာဝနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြောင်းကို သင့်အား အသိပေးမည်ဖြစ်ပြီး သင့်အချက်အလက်များကို မလွှဲပြောင်းမီ သင်၏ ကြိုတင်သဘောတူညီချက်ကို တောင်းခံပါမည်။

အာဏာပိုင်အဖွဲ့အစည်းများနှင့် ပတ်သက်၍

ကျွန်ုပ်တို့အနေဖြင့် တရားမဝင်ဟု စိတ်ရင်းမှန်ဖြင့် ယုံကြည်သော လုပ်ဆောင်ချက်များကို၊ ဥပဒေစိုးမိုးရေး ဌာနများထံ တိုင်ကြားပိုင်ခွင့် ရှိပါသည်။ ကျွန်ုပ်တို့သည် တရားမဝင် လုပ်ဆောင်ချက်၊ ဝန်ဆောင်မှုများကို အလွဲသုံးစားပြုသည်ဟု သံသယရှိမှု သို့မဟုတ် ဝန်ဆောင်မှုများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမူတို့ကို တုံ့ပြန်ရန် သို့မဟုတ် အခြားသူများ၏ ပိုင်ဆိုင်ပစ္စည်း သို့မဟုတ် ဘေးကင်းရေးကို ကာကွယ်ပေးရန် စုံစမ်းစစ်ဆေးပါမည် သို့မဟုတ် အရေးယူဆောင်ရွက်ပါမည်။ သင်၏ အချက်အလက်များသည် အမှန်တကယ်ဖြစ်သော သို့မဟုတ် ခြိမ်းခြောက်ထားသော အန္တရာယ်ရှိသည့် လုပ်ဆောင်ချက်နှင့် ပတ်သက်နေခဲ့လျှင် ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ဥပဒေ သို့မဟုတ် တရားရုံး အမိန့်တစ်ခုခုအရ လိုအပ်လာပါက ထိုအချက်အလက်များကိုလည်း ထုတ်ဖော်ပြောဆိုနိုင်ပါသည်။
ထိုကိစ္စရပ်တွင် ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဒေသတွင်း ဥပဒေများ၊ အမိန့် သဘောသဘာဝအပြင် သင့်အချက်အလက်များ၏ တရားဝင်မှုနှင့် အချိုးကျဖြစ်မှုတို့ကိုပါ ထည့်သွင်းစဉ်းစားပါမည်။

ကျွန်ုပ်တို့၏ ကုမ္ပဏီကို ရောင်းချခဲ့ပါက

ကျွန်ုပ်တို့၏ ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းနယ်ပယ်တစ်ခုခု (ယင်းနှင့် ပူးတွဲဆက်စပ်နေသည့် ပစ္စည်းများ အပါအဝင်)၊ ကို ရောင်းချမှုနှင့် စပ်လျဉ်းရာတွင် ဖောက်သည်အချက်အလက်များဆိုသည်မှာ လွှဲပြောင်းပေးသည့် လုပ်ငန်းပစ္စည်းများတွင် ယေဘုယျအားဖြင့် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသို့ရောင်းချမှု သို့မဟုတ် ကျွန်ုပ်တို့၏ လုပ်ငန်းတစ်ခုခု သို့မဟုတ် အားလုံးကို လွှဲပြောင်းမှု ပြုလုပ်သည့်ဖြစ်စဉ်တွင် ဝယ်ယူသည့် ကုမ္ပဏီထံ သင့်အချက်အလက်များကို လွှဲပြောင်းပေးနိုင်ပါသည်။


6 – နိုင်ငံတကာ လုပ်ငန်းလည်ပတ်မှုများနှင့် သင့်အချက်အလက်များကို လွှဲပြောင်းမှုများ

ကျွန်ုပ်တို့၏ နိုင်ငံတကာ လုပ်ငန်းလည်ပတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တရားဝင် လုပ်ငန်းရည်ရွယ်ချက်များအတွက် ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့၏အဖွဲ့ဝင်များ (လက်အောက်ခံ ကုမ္ပဏီများ၊ ပင်မ ကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများနှင့် Gameloft SE ၏ ဘုံပိုင်ဆိုင်မှုအောက်ရှိ အခြားကော်ပိုရိတ် အဖွဲ့အစည်းများကို ဆိုလိုသည်) ထံ အခါအားလျော်စွာ လွှဲပြောင်းပေးနိုင်ပါသည်။

Gameloft သည် ပြင်သစ်နိုင်ငံတွင် ရုံးချုပ်တည်ရှိပြီး ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်ဝှမ်းတွင် လုပ်ငန်းများနှင့် အဖွဲ့အစည်းများရှိပြီး ဝန်ဆောင်မှုများ ပံ့ပိုးပေးလျက် ရှိပါသည်။ သင့်ကိုယ်ရေး အချက်အလက်များကို လျှို့ဝှက်စွာနှင့် ဥပဒေနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ကြောင်း သေချာစေရန်အပြင် ကျွန်ုပ်တို့က သင့်ကိုယ်ရေး အချက်အလက်ကို စီမံဆောင်ရွက်ရာတွင် စီမံဆောင်ရွက်သည့် တရားစီရင်ပိုင်ခွင့်နယ်မြေရှိ လုံလောက်သော ကာကွယ်မှုအဆင့်ကို ရရှိစေရန် စီမံချက်များ လုပ်ဆောင်ထားပါသည်။ သင်သည် ဥရောပ စီးပွားရေး ဒေသ (''EEA'') သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံတွင် တည်ရှိပါက ကျွန်ုပ်တို့သည် EEA သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံ ပြင်ပရှိ နိုင်ငံများသို့ ကိုယ်ရေး အချက်အလက်များကို လွှဲပြောင်းမှုအတွက် ဥရောပ ကော်မရှင်အဖွဲ့က ခွင့်ပြုထားသည့် စံစာချုပ်ဆိုင်ရာ အပိုဒ်ငယ်များ သို့မဟုတ် EU အထွေထွေ ဒေတာ ကာကွယ်ရေး စည်းမျဉ်း 2016/67 (GDPR)၊ ပိုဒ်ခွဲ 46 တွင် သတ်မှတ်ထားသည့် အခြားသင့်လျော်သော ကာကွယ်မှုများအပေါ် အခြေခံ၍ လုံလောက်သော ကာကွယ်မှုကို ပံ့ပိုးပေးပါသည်။


7 – သင့်ကိုယ်ရေး အချက်အလက်များ၏ လုံခြုံရေးနှင့် လျှို့ဝှက်ထားရှိမှု

ကျွန်ုပ်တို့သည် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲမှုကို ကာကွယ်တားဆီးရန်၊ ဒေတာ လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် ဝန်ဆောင်မှုများမှတစ်ဆင့် စုစည်းရယူထားသည့် ကိုယ်ရေး အချက်အလက်များကို မှန်ကန်စွာ အသုံးပြုရန် လုံခြုံရေး စီမံချက်များကို လုပ်ဆောင်ထားပါသည်။
ကျွန်ုပ်တို့သည် သင့်ကိုယ်ရေး အချက်အလက်များကို ဆုံးရှုံးခြင်း၊ တလွဲအသုံးပြုခြင်း၊ ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ ပြောင်းလဲခြင်းနှင့် ဖျက်ဆီးပစ်ခြင်းတို့မှ ကာကွယ်ရန် ကျိုးကြောင်းသင့်လျော်သော ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်သည့်အပြင် သက်ဆိုင်ရာ ပြင်ပ အဖွဲ့အစည်းများကိုလည်း အလားတူ လုပ်ဆောင်စေပါသည်။ သို့သော် အင်တာနက်မှတစ်ဆင့် သို့မဟုတ် ကြိုးမဲ့ကွန်ရက် တစ်ခုခုမှတစ်ဆင့် ဒေတာများ ပေးပို့မှုသည် 100% လုံခြုံမှုရှိသည်ဟု အာမမခံနိုင်သည်ကို သတိရပါ။ ရလဒ်အဖြစ် ကျွန်ုပ်တို့က သင့်အချက်အလက်များကို ကာကွယ်ပေးရန် ကြိုးပမ်းမည်ဖြစ်သော်လည်း သင့်အချက်အလက်များ၏ လုံခြုံရေးကို အာမခံမပေးနိုင်သလို ကျွန်ုပ်တို့ ထိန်းချုပ်ထားသော သင့်အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှု သို့မဟုတ် ဝင်ရောက်သုံးစွဲမှုအတွက် မည်သည့်တာဝန်မျှ ယူမည်လည်း မဟုတ်ပါ။
သင့်ကိုယ်ရေး အချက်အလက်များ သို့မဟုတ် ခရက်ဒစ်ကတ် အချက်အလက်များကို စီမံဆောင်ရွက်ရာတွင် ကျွန်ုပ်တို့ကို ကူညီပေးရန် ပြင်ပ အဖွဲ့အစည်းများကို အသုံးပြုသောအခါ ကျွန်ုပ်တို့သည် ဤကိုယ်ရေး လုံခြုံမှု မူဝါဒကို ၎င်းတို့ မဖြစ်မနေ လိုက်နာစေရန်နှင့် တစ်နည်းအားဖြင့် (ခရက်ဒစ်ကတ် အချက်အလက် အပါအဝင်) သင့်ကိုယ်ရေး အချက်အလက်များကို ကာကွယ်ပေးရန် သင့်လျော်သော အဆင့်များကို လုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများမှတစ်ဆင့် ခရက်ဒစ်ကတ် အချက်အလက်များ အပါအဝင် သင့်ကိုယ်ရေး အချက်အလက်များ ပါဝင်နေသည့် လုံခြုံရေး ပေါက်ကြားမှု ဖြစ်ပွားသောအခါ ကျွန်ုပ်တို့သည် အချက်အလက် ပေါက်ကြားမှုများအကြောင်း အသိပေးမှုနှင့် ပတ်သက်၍ သင့်ဒေသတွင်း စည်းမျဉ်းများနှင့်အညီ သင့်ကို ချက်ချင်း အသိပေးမည်ဖြစ်ပြီး အဆိုပါ ပေါက်ကြားမှုကို ကိုင်တွယ်ဖြေရှင်းရန် လုပ်ငန်းပိုင်းအရ သင့်လျော်သော အဆင့်များကို လုပ်ဆောင်ပါမည်။

ကျွန်ုပ်တို့က သို့မဟုတ် ပြင်ပအဖွဲ့အစည်း တစ်ခုခုက သင့်ကိုယ်ရေး အချက်အလက်များကို သင့်လျော်မှုမရှိစွာ အသုံးပြုနေသည်ဟု သင် ယုံကြည်ပါက DataProtectionSupport@gameloft.com တွင် အီးမေးလ်မှတစ်ဆင့် ကျွန်ုပ်တို့ကို ချက်ချင်း အကြောင်းကြားပါ။


8 – ကလေးများ

ကျွန်ုပ်တို့အနေဖြင့် မိဘများအား ၎င်းတို့၏ ကလေးများကို ကိုယ်ရေးလုံခြုံမှုနှင့် အင်တာနက်တွင် ၎င်းတို့၏ အချက်အလက်များကို အသုံးပြုပုံ နည်းလမ်းနှင့် ပတ်သက်၍ သင်ပြပေးရန် တိုက်တွန်းပါသည်။ ကလေးများသည် ၎င်းတို့မိဘများ၏ကြိုတင်ခွင့်ပြုချက် မရှိဘဲ ၎င်းတို့၏အမည်၊ လိပ်စာ သို့မဟုတ် ဖုန်းနံပါတ် သို့မဟုတ် ကိုယ်ရေး အချက်အလက် မှန်သမျှကို ဘယ်သောအခါမှ ထုတ်ဖော်မပြောသင့်ပါ။

ကျွန်ုပ်တို့သည် ၎င်းတို့နေထိုင်ရာ နိုင်ငံတွင် ပိုမို တင်းကျပ်သော စည်းမျဉ်းတစ်ခု ပြဋ္ဌာန်းမထားလျှင် အသက် 13 နှစ်အောက်အရွယ်ရှိသော၊ သုံးစွဲသူကို ကလေးဟု မှတ်ယူပါသည်။ EU နိုင်ငံများတွင် ၎င်းတို့နေထိုင်ရာ နိုင်ငံ၏ ဒေတာကာကွယ်ရေး စည်းမျဉ်းက အခြားအသက်အရွယ်ကို သတ်မှတ်ထားခြင်း မရှိလျှင် အသက် 16 နှစ်အောက် သုံးစွဲသူများကို ကလေးဟု မှတ်ယူပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှု တစ်ခုခုသည် ၎င်းတို့နေထိုင်ရာ နိုင်ငံရှိ ဥပဒေအရ သတ်မှတ်ထားသည့် အနိမ့်ဆုံး အသက်ကို မပြည့်သေးသော သုံးစွဲသူများကို ဦးတည်နေသည်ဟု ယူဆပါက ကျွန်ုပ်တို့သည် အဆိုပါ သုံးစွဲသူများကို ဝန်ဆောင်မှုများ အသုံးပြုခြင်းမှ သို့မဟုတ် အချက်အလက်များ ပံ့ပိုးခြင်းမှ တားမြစ်ခြင်း နှင့်/သို့မဟုတ် အောက်တွင် ပိုမိုတိကျစွာ ဖော်ပြထားသည့်အတိုင်း အဆိုပါ သုံးစွဲသူများထံမှ အချက်အလက်များ စုစည်းရယူခြင်းကို ကန့်သတ်ခြင်း ပြုလုပ်နိုင်ပါသည်။

၎င်းတို့နေထိုင်ရာ နိုင်ငံရှိ ဥပဒေအရ သတ်မှတ်ထားသည့် အနိမ့်ဆုံး အသက်ကို မပြည့်သေးသော သုံးစွဲသူများသည် မည်သည့် ကိုယ်ရေး အချက်အလက်ကိုမျှ Gameloft ထံ မပေးပို့သင့်ပါ။

ကျွန်ုပ်တို့သည် ၎င်းတို့နေထိုင်ရာ နိုင်ငံရှိ ဥပဒေအရ သတ်မှတ်ထားသော အနိမ့်ဆုံး အသက်ကို မပြည့်သေးသော သုံးစွဲသူတစ်ဦးအတွက် ကိုယ်ရေး အချက်အလက် စုစည်းရယူရာတွင် အောက်ပါ ကန့်သတ်ချက်များ ကျင့်သုံးပါသည်။

ယင်းကဲ့သို့ သုံးစွဲသူတစ်ဦးသည်-

ယင်းကဲ့သို့ သုံးစွဲသူတစ်ဦးနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့သည် သူ/သူမ၏ တိကျသော မြေမျက်နှာပြင် တည်နေရာ ဒေတာကို စုစည်းရယူခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်၍ ဆက်စပ်အခြေအနေအလိုက် ကြော်ငြာကိုသာ ပြသပါမည် (အပြုအမူအလိုက် ကြော်ငြာများ မပါပါ)။

စမ်းသပ်ကစားမှု လုပ်ဆောင်သည့် နိုင်ငံအပေါ်လိုက်၍ လိုအပ်သော မိဘများ၏ ခွင့်ပြုချက်ကို ရယူ၍ နှင့်/သို့မဟုတ် မိဘများ ကိုယ်တိုင်ရှိနေစေ၍ ကျွန်ုပ်တို့၏ ဂိမ်းများ စမ်းသပ်ရာတွင် (စမ်းသပ်ကစားမှုများ) တွင် ပါဝင်ရန် ကလေးများကို ဖိတ်ခေါ်နိုင်ပါသည်။

မိဘများသည် ၎င်းတို့၏ ကလေးများအတွက် ကိုယ်ရေးလုံခြုံမှု အခွင့်အရေးများကို အသုံးချရပါမည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒ၏ 'သင့်အခွင့်အရေးများ' အပိုင်းကို ကိုးကားကြည့်ရှုပါ။


9 – အလုပ်လျှောက်ထားသူများ

သင်က အလုပ်တစ်ခု လျှောက်ထားလျှင်၊ သင့်ကို SmartRecruiters ဝဘ်ဆိုက်သို့ လမ်းညွှန်ပေးနိုင်ပါသည်။ သင့်လျှောက်လွှာကို ပေးပို့ရန် ဆုံးဖြတ်လိုက်ပါက သင်သည် သင့်အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာနှင့် ပညာရေး မှတ်တမ်း အပါအဝင် အချက်အလက်အချို့ကိုလည်း SmartRecruiters ထံ ပေးပို့ရပါမည်။ ဤအချက်အလက်များကို SmartRecruiters ကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီ စုစည်းရယူပါသည်၊ ထိုမူဝါဒကို ဤနေရာတွင် ကြည့်နိုင်သည်- https://www.smartrecruiters.com/privacy-policy/.

လင့်ခ်သို့ ဝင်ရောက်၍လည်း လျှောက်ထားသူများအတွက် Gameloft ကိုယ်ရေးလုံခြုံမှု မူဝါဒကို ကြည့်နိုင်ပါသည်။


10 – သင့်အခွင့်အရေးများ

ကျွန်ုပ်တို့ထံ သင် ပံ့ပိုးပေးသည့် အချက်အလက်များ အပ်ဒိတ်ဖြစ်နေစေရန် ကျွန်ုပ်တို့ မေတ္တာရပ်ခံပါသည်။ ဤဖောင်မှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်၍ ကျွန်ုပ်တို့ထံ သင် ပံ့ပိုးပေးထားသည့် အချက်အလက်များကို ပြင်ဆင်နိုင်ပါသည်။

ကျွန်ုပ်တို့ထံ သင် ပံ့ပိုးပေးသည့် အချက်အလက်အားလုံး စစ်မှန်မှုရှိ၍ မှန်ကန်ကြောင်းနှင့် ၎င်းတို့က သင်နှင့်သက်ဆိုင်၍ အခြားမည်သူနှင့်မျှ သက်ဆိုင်ခြင်းမရှိကြောင်း သင်က ကိုယ်စားပြု၍ အာမခံရပါမည်။

သင်သည် သင့်အခွင့်အရေးများကို အချိန်မရွေး အသုံးပြုနိုင်ပြီး သင့် အချက်အလက်များကို ဝင်ရောက်သုံးစွဲရန် သို့မဟုတ် ပြုပြင်ရန် သို့မဟုတ် ဖျက်ပစ်ရန်အတွက် Gameloft ကို တောင်းဆိုနိုင်ပါသည်။ သင်သည် ဥရောပလူမျိုး သုံးစွဲသူတစ်ဦး ဖြစ်ပါက သင့်ဒေသတွင်း စည်းမျဉ်းများနှင့်အညီ သင်သည် သင့်ကိုယ်ရေး အချက်အလက်များ စီမံဆောင်ရွက်ရာတွင် ကန့်သတ်မှုများ ပြုလုပ်ပေးရန်၊ သင့်အချက်အလက်များကို စီမံဆောင်ရွက်ခြင်းအား ကန့်ကွက်ရန် သို့မဟုတ် သင်၏ ဒေတာလွှဲပြောင်းပိုင်ခွင့်ကို အသုံးချရန်အတွက်လည်း တောင်းဆိုနိုင်ပါသည်။

အခြား ပြင်ပ အဖွဲ့အစည်းများ (ကျွန်ုပ်တို့၏ ဒေတာ မိတ်ဖက်များ) သည် သင့်အချက်အလက်များ၏ ထိန်းချုပ်သူများ ဖြစ်နိုင်သည်ကို သတိပြုပါ။ သင်သည် ဤဖောင်မှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်၍ ရည်ရွယ်ချက်တစ်ခုခုအတွက် သင့်ကိုယ်ရေး အချက်အလက်များကို ပြင်ပ အဖွဲ့အစည်းများထံ မျှဝေခြင်းနှင့် ပတ်သက်၍ နောက်ထပ် အသေးစိတ် အချက်များကို ရယူနိုင်ပြီး ယင်းသို့ မျှဝေခြင်းတွင် မပါဝင်ရန် ရွေးချယ်နိုင်ပါသည်။

သင်သည် ကျွန်ုပ်တို့ထံမှ တိုက်ရိုက် ကြော်ငြာအရောင်းမြှင့်တင်ရန် ဆက်သွယ်ပြောဆိုမှု တစ်ခုခုအတွက် ယခင်က သဘောတူညီချက် ပေးထားပါက သို့မဟုတ် ကျွန်ုပ်တို့၏ သတင်းလွှာများတွင် စာရင်းသွင်းထားပါက ဆက်သွယ်ပြောဆိုမှုနှင့် ကျွန်ုပ်တို့ သင့်ထံ ပေးပို့သည့် သတင်းလွှာ အသီးသီးတွင် ရရှိနိုင်သော လင့်ခ်ပေါ်တွင် နှိပ်ခြင်းဖြင့် စာရင်းသွင်းမှုကို ပယ်ဖျက်နိုင်ပါသည်။

ကွတ်ကီးများ သို့မဟုတ် အခြား ခြေရာခံ နည်းပညာများကို ခွင့်မပြုဘဲ ငြင်းပယ်လိုပါက ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များရှိ ကွတ်ကီးများ မူဝါဒကို ဖတ်ရှုပါ။

သင့်လုပ်ဆောင်ချက်များသည် ဂိမ်းလုပ်ဆောင်နိုင်စွမ်း၊ ဝန်ဆောင်မှုများနှင့် လုပ်ဆောင်ချက်များအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သတိပြုပါ။ Gameloft အနေဖြင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် သင့်အချက်အလက်အချို့ကို မဖြစ်မနေ ရယူ၍ စီမံဆောင်ရွက်ရပါမည်။

သင့်လုပ်ဆောင်ချက်များသည် Gameloft ကို ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းမှ ရပ်တန့်သွားစေနိုင်ပါသည်။ အောက်ပါ အခြေအနေများတွင် သင့်ဂိမ်းကို ပြန်လည်သတ်မှတ်လိုက်ပါမည်-

သင့်သဘောတူညီချက်ကို ရုပ်သိမ်းလိုက်ပါက သို့မဟုတ် သင့်အချက်အလက်များကို ဖျက်ပစ်ပေးရန် တောင်းဆိုပါက ကျွန်ုပ်တို့သည် သင့်အချက်အလက်များကို နောက်ထပ် အသုံးပြုခြင်း သို့မဟုတ် စီမံဆောင်ရွက်ခြင်း ပြုမည်မဟုတ်သော်လည်း စည်းမျဉ်းအရ တောင်းဆိုချက်များ သို့မဟုတ် ရဲအရာရှိများ၏ တောင်းဆိုချက်များကို တုံ့ပြန်ရန် ၎င်းတို့ကို သိမ်းဆည်းထားပါမည်။ အချက်အလက်များကို ကျွန်ုပ်တို့ ဖျက်ပစ်ရာတွင် ဒေတာများ၏တိကျမှန်ကန်မှုကို မထိခိုက်ကြောင်း သေချာစေရန် ကျွန်ုပ်တို့၏ လုပ်ငန်းအကျိုးစီးပွားအရ ကျိုးကြောင်းသင့်လျော်သော အချိန်တစ်ခုကြာအောင် အဆိုပါ အချက်အလက်များ စုစည်းထားမှုကို ထိန်းသိမ်းပိုင်ခွင့်လည်း ရှိပါသည်၊ ထို့ပြင် ထိုကဲ့သို့ အချက်အလက်များကို ပိုင်ရှင်မည်သူမည်ဝါ မဖော်နိုင်အောင် ပြုလုပ်ထားသည့် ပုံစံဖြင့် ထိန်းသိမ်းထားပိုင်ခွင့်လည်း ရှိပါသည်။

ဖောင်မှတစ်ဆင့် သင့်တောင်းဆိုချက်ကို သတ်မှတ်ဖော်ပြပေးပါ။

သင်သည် အသက် 13 နှစ်အောက် (သို့မဟုတ် သက်ဆိုင်ရာ စည်းမျဉ်းများက သတ်မှတ်ထားသည့် အခြားအသက်အောက်) ကလေးတစ်ဦး၏မိဘတစ်ဦး ဖြစ်ပြီး သင့်ကလေးသည် ကျွန်ုပ်တို့ကို အချက်အလက်များ ပေးထားသည်ဟု ယုံကြည်ပါက ဤဖောင်ကို ဖြည့်လိုက်ပါ၊ ကျွန်ုပ်တို့က အဆိုပါ အချက်အလက်များကို ကျွန်ုပ်တို့၏ စနစ်မှ ဖျက်ပစ်လိုက်ပါမည်။

သင့်အချက်အလက်များအား ကာကွယ်၍ လျှို့ဝှက်ထားရှိပေးရန် ကျွန်ုပ်တို့သည် သင် မည်သူမည်ဝါဖြစ်ကြောင်း မှန်ကန်စွာ ခွဲခြားသတ်မှတ်ရပါမည်။ သို့ဖြစ်၍ သင့်အထောက်အထားကို သက်သေပြနိုင်သည့် တရားဝင် စာရွက်စာတမ်း မိတ္တူတစ်စောင်ကို ကျွန်ုပ်တို့ထံ ပံ့ပိုးပေးပါ။ သင့်တောင်းဆိုချက်ကို လက်ခံရရှိ၍ ပြီးပြတ်အောင် လုပ်ဆောင်ပေးလိုက်သည့်နေ့မှစ၍ နှစ်လအတွင်း ဤမိတ္တူကို ဘေးကင်းလုံခြုံစွာ ဖျက်ဆီးပစ်ပါမည်။

ကျွန်ုပ်တို့၏ အဖွဲ့သည် သင့်တောင်းဆိုချက်ကို စုံစမ်းစစ်ဆေးပြီး ၎င်းကို ထပ်မံ၍ စုံစမ်းစစ်ဆေးရန် မလိုလျှင် တစ်လအတွင်း သင့်ကို အကြောင်းပြန်မည်ဖြစ်ပါသည်။ ထပ်မံ၍ စုံစမ်းစစ်ဆေးရလျှင် သင့်ကို သေသေချာချာ အသိပေးပါမည်။

ဥရောပလူမျိုး သုံးစွဲသူများသည် ဥရောပ ဒေတာ ကာကွယ်ရေး ကြီးကြပ်ရေးမှူးတစ်ဦးထံ တိုင်ကြားနိုင်ကြောင်း ကျွန်ုပ်တို့ သတိပေးလိုပါသည်။


11 – ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုများ

ဝန်ဆောင်မှုများသည် ကျွန်ုပ်တို့ ထိန်းချုပ်မထားသည့် ပြင်ပဝဘ်ဆိုက်များနှင့် ချိတ်ဆက်ထားနိုင်ပါသည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒ၌ ဝန်ဆောင်မှုများတွင် ကျွန်ုပ်တို့ စုစည်းရယူသည့် ကိုယ်ရေး အချက်အလက်များနှင့် အခြားသော အချက်အလက်များကို ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ နည်းလမ်းသာ ပါဝင်ပါသည်။ ပြင်ပဝဘ်ဆိုက်များသို့ ဝင်ရောက်ခြင်းဖြင့် အဆိုပါဝဘ်ဆိုက်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒများကို သဘောတူရာရောက်ပါသည်။ ပြင်ပဝဘ်ဆိုက်များတွင် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော်ခြင်းတို့နှင့် ပတ်သက်ပြီး မူဝါဒအမျိုးမျိုးရှိနိုင်ကြောင်း သတိပြုပါ။ ထိုကဲ့သို့ ပြင်ပအဖွဲ့များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ကျွန်ုပ်တို့က မထိန်းချုပ်နိုင်သလို တာဝန်ခံယူမှုလည်း မလုပ်နိုင်ပါ။

ထို့ကြောင့် ပြင်ပအဖွဲ့ ဝန်ဆောင်မှုအားလုံး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒများကို ပြန်စစ်ဆေးရန် တိုက်တွန်းလိုပါသည်။ အောက်ပါကဏ္ဍတွင် ပါဝင်သည့်အရာမှန်သမျှကိုသာ ကန့်သတ်ထားခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့သည် မည်သည့်ပြင်ပအဖွဲ့မဆို၏ လုပ်ဆောင်သည်များ၊ မလုပ်ဆောင်သည်များ သို့မဟုတ် မူဝါဒများအတွက် မည်သည့်တာဝန်ခံယူမှုမျှ မပြုလုပ်နိုင်ပါ။


12 – ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒသို့ အပြောင်းအလဲများ

ကျွန်ုပ်တို့သည် ဤပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒကို အချိန်မရွေး ပြောင်းလဲခွင့် ရှိပါသည်။ ဤပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒကို ပြောင်းလဲမှုများပြုလုပ်သည့်အခါ စာမျက်နှာထိပ်တွင် အပြောင်းအလဲများပြုလုပ်ထားသည့် ရက်စွဲနှင့်အတူ ၎င်းတို့ကို ကျွန်ုပ်တို့ ဝဘ်ဆိုက်နှင့်အက်ပ်များ၏ 'ပုဂ္ဂိုလ်ရေးဆိုင်ရာ' ကဏ္ဍတွင် ပြန်လည်ပို့စ်တင်ပါမည်။ ထို့ကြောင့် အချိန်နှင့်အမျှ ဤပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒကို ပြန်စစ်ဆေးပါ၊ သို့မှသာ ၎င်းတွင် အပြောင်းအလဲတစ်ခုခု ပြုလုပ်သည့်အခါ သင်သတိထားမိပါမည်။ ထိုသို့ အပြောင်းအလဲ(များ) ပြုလုပ်ပြီးနောက် ဝန်ဆောင်မှုများကို သင်ဆက်လက်အသုံးပြုလျှင် အဆိုပါ ပြောင်းလဲမှု(များ)မှန်သမျှကို သင်လက်ခံကြောင်းဆိုလိုပြီး သင်က မည်သည့်ပြောင်းလဲမှုကိုမျှ လက်မခံပါက ဝန်ဆောင်မှုများကို အသုံးမပြုရန် ရွေးချယ်နိုင်သည် သို့မဟုတ် ကျွန်ုပ်တို့အား သင့်လျော်သော သတိပေးချက်ပို့ခြင်းဖြင့် ထွက်နိုင်ပါသည်။ လတ်တလော ပြုလုပ်ထားသောအပြောင်းအလဲများနှင့် ပတ်သက်ပြီး နောက်ထပ်အချက်အလက်များ သိလိုပါက သင်၏တောင်းဆိုချက်ကို DataProtectionSupport@gameloft.com သို့ပေးပို့ပြီး အကြောင်းအရာတွင် “အပြောင်းအလဲများအကြောင်း အချက်အလက်များ” ကိုထည့်သွင်းပေးပါ။


13 – ဥပဒေဆိုင်ရာ ငြင်းဆိုချက်

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် လက်ရှိအတိုင်း လည်ပတ်ဆောင်ရွက်နေပြီး ဝန်ဆောင်မှုများကို တစ်ချိန်လုံး ရရှိနေမည် သို့မဟုတ် သင်၏ ဝန်ဆောင်မှုများ အသုံးပြုနိုင်မှုသည် အနှောင့်အယှက်မရှိနိုင် သို့မဟုတ် အမှားမပါဝင်နိုင်ဟု ကိုယ်စားမပြုပါ သို့မဟုတ် အာမ မခံပါ။ သင်၏ ဝန်ဆောင်မှုများ အသုံးပြုနိုင်မှု သို့မဟုတ် ကျွန်ုပ်တို့၏ ထိန်းချုပ်မှု အလှမ်းမမီသော ကိစ္စများအတွက် ကျွန်ုပ်တို့က တာဝန်မယူနိုင်ပါ။ ဤပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒကို သင်နေထိုင်ရာနိုင်ငံ၏ ဥပဒေများနှင့် ထိန်းချုပ်ထားပါသည်။ ဝန်ဆောင်မှုများ အသုံးပြုခြင်းမှ ရရှိလာသော အငြင်းပွားဖွယ်မှန်သမျှကို သင်နေထိုင်ရာနိုင်ငံ၏ အခွင့်အာဏာရှိသော တရားရုံးသို့ တင်ပို့ပါမည်။


14 – ကျွန်ုပ်တို့ကို ဆက်သွယ်ရန်နည်းလမ်း

ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒနှင့်/သို့မဟုတ် ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး သင့်တွင် မေးစရာများ၊ မှတ်ချက်များ သို့မဟုတ် စိုးရိမ်မှုများရှိပါက ကျွန်ုပ်တို့ကို-

1-         DataProtectionSupport@gameloft.com သို့ အီးမေးလ်ပို့ပြီး
2-        Gameloft ဒေတာကာကွယ်ရေး အရာရှိ၊ 14 ရူးအော်ဘာ၊ 75009 ပဲရစ်၊ ပြင်သစ်သို့ စာရေးပြီး ဆက်သွယ်ပါ

အသုံးပြုမှု စည်းမျဉ်းများ ကိုယ်ရေးလုံခြုံမှု မူဝါဒ
EULA ဥပဒေအရ အသိပေးချက်များ
© 2002-2024 Gameloft။ အခွင့်အရေးအားလုံးနှင့် သက်ဆိုင်သည်။ Gameloft နှင့် Gameloft လိုဂိုသည် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများတွင် Gameloft ၏ ကုန်တံဆိပ်ဖြစ်သည်။
အခြား ကုန်တံဆိပ် အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှု ဖြစ်သည်။