images/SVG/close-icon_white
Air Hockey Glow
Air Hockey Glow
လေပေါ်ဟော်ကီ ကစားဖူးပါသလား။ လူသစ်ပဲဖြစ်ဖြစ်၊ အပျော်တမ်းပဲဖြစ်ဖြစ်၊ ပရော်ဖက်ရှင်နယ်ပဲဖြစ်ဖြစ် ဒီဂိမ်းနဲ့ သင့်ကိုယ်သင် စိန်ခေါ်နိုင်ပါတယ်။ သိပ်ကောင်းတဲ့ အသံအထူးပြုလုပ်ချက်တွေနဲ့ တောက်ပတဲ့ ဂရပ်ဖစ်တွေပါတဲ့ အမိုက်စားဂိမ်းပါပဲ။

အရွယ်အစား: 46 MB
အားကစား
4.7
Air Hockey Glow
Air Hockey Glow
Air Hockey Glow
Air Hockey Glow
Air Hockey Glow

မျက်နှာပြင်ရိုက်ချက်များ

ဖော်ပြချက်

သင်က လေပေါ်ဟော်ကီဂိမ်းတွေကို ကြိုက်တဲ့သူဖြစ်ပြီး ကစားသမားနှစ်ဦး ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ကစားရတဲ့ဂိမ်းကို ရှာဖွေနေပါသလား။ သင့်ရဲ့ဂိမ်းကမ္ဘာကို ကိုင်လှုပ်မယ့် Air Hockey Glow HD ရောက်လာပြီဖြစ်လို့ အပီအပြင်သာ ဆော့လိုက်ပါတော့။ သင့်သူငယ်ချင်းတွေနဲ့ 1v1 ဆော့နိုင်သလို ကမ္ဘာ့ချန်ပီယံဆု ဒါမှမဟုတ် ကမ္ဘာ့ဖလားတွေရအောင် စိန်ခေါ်ပြီး ဆော့နိုင်ပါတယ်။ ဒိုးပြားကို ဂိုးပေါက်ထဲ ရောက်အောင်ထည့်ပြီး အနိုင်ယူလိုက်ပါ။ ပြောင်လက်နေတဲ့ ဒိုးပြားနဲ့ ရောင်စုံနံရံတွေပါတဲ့ လှပတဲ့ဂိမ်းပါပဲ။ မီးရောင်စုံ အားကစားချစ်သူတွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဂိမ်းပါပဲ။ အမိုက်စား အသံအထူးပြုလုပ်ချက်တွေနဲ့ ကျွန်ုပ်တို့ သင့်ကို Air Hockey Glow HD ထဲ ခေါ်ဆောင်သွားမှာပါ။ စနစ်မျိုးစုံနဲ့ ကစားနိုင်တဲ့ ပြီးပြည့်စုံတဲ့ဂိမ်းပါပဲ။ ချောချောမွေ့မွေ့ ဂိမ်းကစားနိုင်ပြီး အမိုက်စားဂရပ်ဖစ်တွေနဲ့ AI ပြိုင်ဘက်တွေ အများကြီးရှိလို့ သင်အကြာကြီး ဂိမ်းကစားနေမိမှာပါ။ ခက်ခဲတဲ့အဆင့်တွေကို ရောက်လာတဲ့အခါ ဂိမ်းက ပိုစိတ်ဝင်စားဖို့ကောင်းလာပြီး ပိုစွန့်စားရပါတယ်။ ဂိုးပေါက်ထဲသွင်းဖို့ သင့်လက်ကို အသင့်ပြင်ထားပါ။ မကြီးလွန်း မသေးလွန်းဘဲ ထိန်းချုပ်-ရ-လွယ်ကူတဲ့ ဟော်ကီရိုက်တံတွေနဲ့ စားပွဲတစ်လျှောက် ဒုံးပျံတွေလိုသွားမယ့် ဒိုးပြားနဲ့ သင်ကစားရမှာပါ။ ဟန်ချက်ညီညီ မြန်မြန်ကစားပြီး ဂိမ်းကို စိန်ခေါ်နိုင်ဖို့အတွက် ဂိုးပေါက်တွေကို အရွယ်အစားသတ်မှတ်ထားပါတယ်။ ခေတ်မီရူပဗေဒနဲ့ လေပေါ်ဟော်ကီအသံတွေက ဂိမ်းကို သက်ဝင်အောင်လုပ်‌ပေးတာကြောင့် တကယ့်စားပွဲပေါ်မှာ ကစားရသလိုပါပဲ။ ဂိမ်းလုပ်ဆောင်ချက်များ- - တစ်ဦးတည်း ကစားသမား (နှင့် AI) နဲ့ ကစားသမားနှစ်ဦး (1v1၊ နှင့် သူငယ်ချင်း) နှစ်မျိုးစလုံး ကစားပါ။ - တစ်ဦးတည်း ကစားသမားအတွက် ရွေးချယ်စရာ အခက်အခဲသုံးခု။ - ရင်သပ်ရှုမောဖွယ် တောက်ပတဲ့ ဂရပ်ဖစ်တွေနဲ့ အသံတွေ။ - လွယ်၊ အလယ်အလတ်နှင့် ခက် စနစ်တွေအတွက် သီးခြားအချက်အလက်တွေကိုပြတဲ့ ဦးဆောင်သူဘုတ်။ ကစားသမားများစွာစနစ်နဲ့ သူငယ်ချင်းတွေနဲ့အတူ ကစားလို့ရတဲ့ နှစ်ယောက်-တွဲ ဂိမ်းတွေထဲက တစ်ခုပါပဲ။ တစ်ကိုယ်တော် ဟော်ကီဂိမ်းတွေကို သင်ပိုကြိုက်ရင် တစ်ဦးတည်း-ကစားသမား စနစ်ကို ရွေးချယ်နိုင်ပါတယ်။ သင့်ရဲ့ ကစားသမားများစွာ/ချန်ပီယံစနစ်နဲ့အတူ အဆင့်တွေကတော့ အောက်ပါအတိုင်းပါပဲ- - အာဖရိက ဖလား - အာရှ ဖလား - အမေရိကန် ဖလား - ဥရောပ ဖလား - ကမ္ဘာ့ဖလား ကမ္ဘာ့ဖလားရဖို့ အရင်ဆုံး ဒေသဆိုင်ရာဖလားတွေကို တစ်ဆင့်ပြီးတစ်ဆင့် ရယူရမှာပါ။ သင့်ခရီးကို စတင်လိုက်ပါ -- ဒိုးပြားကို ပိုက်ကွန်ထဲ ထည့်လိုက်ပါ။
Air Hockey Glow
ဒေါင်းလုဒ်လုပ်ပြီး ကစားရန်
Air Hockey Glow

ယခု ခေတ်စားနေသည်များ

အသုံးပြုမှု စည်းမျဉ်းများ ကိုယ်ရေးလုံခြုံမှု မူဝါဒ
EULA ဥပဒေအရ အသိပေးချက်များ
© 2002-2024 Gameloft။ အခွင့်အရေးအားလုံးနှင့် သက်ဆိုင်သည်။ Gameloft နှင့် Gameloft လိုဂိုသည် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများတွင် Gameloft ၏ ကုန်တံဆိပ်ဖြစ်သည်။
အခြား ကုန်တံဆိပ် အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှု ဖြစ်သည်။