images/SVG/close-icon_white
Operation
Operation
နာမည်ကျော် Operation ဂိမ်းကို သတိရချင်လား။ ဆမ် ပြန်ကောင်းလာဖို့ သင့်အကူအညီလိုပါတယ်။ သူ့ရဲ့ဖျားနာမှုနဲ့ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးပြီး ဆရာဝန်တစ်ယောက်လို စွမ်းဆောင်ဖို့ လေ့လာပါ -- ဒါပေမဲ့ သူ့ကို ပိုဆိုးမသွားအောင်တော့ ဂရုစိုက်ပါ။

အရွယ်အစား: 131 MB
*အသစ်* ကလေးတွေ
4.6
Operation
Operation
Operation
Operation
Operation

မျက်နှာပြင်ရိုက်ချက်များ

ဖော်ပြချက်

‌ဟေး ဒေါက်တာ၊ လူနာဆမ်က သင့်အကူအညီလိုနေတယ်။ သူ့ကိုပိုနေကောင်းလာအောင် ဒါမှမဟုတ် ပိုဆိုးသွားအောင် ကူညီလိုက်ပါ။ သင်က Hasbro ရဲ့ အမိုက်စား OPERATION ဘုတ်ပြားဂိမ်းနဲ့ ကြီးပြင်းလာတယ်ဆိုရင် ဒါမှမဟုတ် သင့်မှာ ဇာဂနာတွေနဲ့ဆော့တဲ့ ကလေးတွေရှိတယ်ဆိုရင် ဒီစိတ်ဝင်စားစရာအက်ပ်က ကလေးဘဝရဲ့ အကြိုက်ဆုံးအရာကို သက်ဝင်စေပါတယ်။ ဘုတ်ပြားဂိမ်းလိုပါပဲ၊ ဒီအက်ပ်က ကလေးတွေရဲ့ လက်နဲ့မျက်လုံး ပူးပေါင်းဆောင်ရွက်မှုနဲ့ လှုပ်ရှားမှုစွမ်းရည်ကို စမ်းသပ်ပေးပြီး ဖျော်ဖြေရေးဇာတ်လမ်းတို ဆယ့်နှစ်ပုဒ်လည်း ပါဝင်ပါတယ်။ စိတ်လှုပ်ရှားဖွယ် ထိတွေ့မှုအတွေ့အကြုံရအောင် ပြောင်းလဲပေးထားတဲ့ OPERATION အက်ပ်မှာ ပုံမှန်ဖျားနာမှုတွေနဲ့ လက်သည်းကိုက်ပြီး "ဇာဂနာ" ကိုင်ရတဲ့ စိတ်ဖိစီးမှုတွေအပါအဝင် သင်မှတ်မိသမျှအားလုံး ပါဝင်ပါတယ်။ ဆမ်ရဲ့ဖျားနာမှုတွေ ပျောက်ကင်းအောင် သေချာကြိုးစားပေးနေတာကို သတိရလား။ အခုတော့ ဂိမ်းထဲက ဇာဂနာတစ်စုံနဲ့ သင်စမ်းကြည့်နိုင်ပါပြီ။ ဇာဂနာရဲ့ တစ်ဖက်ကိုထိလိုက်ရင် ဆမ်ရဲ့နှာခေါင်းက မီးလင်းပါတယ်။ ရင်းနှီးပြီးသား အချက်ပေးကိရိယာသံကို နားထောင်ပြီး လှပတဲ့ ဒီလိုမျိုး ထိတွေ့မှုအတွေ့အကြုံမှာ သင့်စက်တုန်ခါမှုကို ခံစားလိုက်ပါ။ လူနာဆမ်က သာမန်ဖျားနာမှု ဆယ့်နှစ်ခုအကြောင်းကို ကိုယ်တိုင်ကိုယ်ကျ မခြွင်းမချန်ဖော်ပြတာကြောင့် ဖျားနာမှုတစ်ခုစီက ဘာကိုဆိုလိုတယ်ဆိုတာ ကလေးတွေက လေ့လာရမှာပါ။ အချိတ်အဆက်မိတဲ့ ပျော်စရာဇာတ်လမ်းက သုံးစွဲသူကို လူနာဆမ်ရဲ့ တစ်မူထူးတဲ့အခြေအနေနဲ့ ပြဿနာတိုင်းမှာ သူဘယ်လို အဆုံးသတ်သွားတယ်ဆိုတာ မိတ်ဆက်ပေးပါတယ်။ ‌‌ဆေးမှတ်တမ်းတွေကို ဖတ်ကြည့်ပြီး သင်နဲ့ သင့်ရဲ့ စာဖတ်သင်ခါစကလေးငယ်ဟာ လူနာဆမ်ရဲ့ ကိုက်ခဲနာကျင်မှုတိုင်းရဲ့ နောက်ကွယ်ကဇာတ်လမ်းကို သိရမယ့်အပြင် အဲဒီလှုပ်ရှားမှုစွမ်းရည်တွေကို လေ့ကျင့်ဖို့ ပျော်စရာနည်းလမ်းကိုလည်း ရမှာပါ။ သူ့ကို မြန်မြန်ကုလိုက်ပါ။ သူလည်း ဝမ်းသာမှာပါ။ ခွဲစိတ်မှုတစ်ခုအောင်မြင်တိုင်း ခွဲစိတ်ခုတင်ဆီပြန်လာပြီး နောက်ထပ်ကိုင်တွယ်ချင်တဲ့ ဖျားနာမှုကို ရွေးချယ်ပါ။ လူနာဆမ်ကို ပိုပြီးနေကောင်းအောင်လုပ်ဖို့ နည်းလမ်းဆယ့်နှစ်မျိုးရှိပြီး တစ်ခုစီရဲ့နောက်ကွယ်မှာ သက်ဆိုင်ရာဇာတ်လမ်းတွေရှိပါတယ်။ ဒါ့အပြင် အောင်မြင်တဲ့ခွဲစိတ်မှုတိုင်းမှာ ကလေးတွေအတွက် သူတို့ရဲ့ကိုယ်ပိုင်ဘဝကို ကျန်းမာကြံ့ခိုင်အောင်နေဖို့ အသုံးပြုနိုင်မယ့် ဖတ်ရလွယ်တဲ့ "ရခဲ့တဲ့ သင်ခန်းစာ" ဆိုတာ ပါရှိပါတယ်။ OPERATION အက်ပ်အသစ်က သင်ကိုင်တွယ်နိုင်ပြီး ထူးခြားတဲ့ "စိတ်လှုပ်ရှားစရာအခြေအနေ" အားလုံးကို "ဂိမ်းထဲက" ဇာဂနာအပြင် အခြားအရာများစွာနဲ့ ဖန်တီးပေးထားပါတယ်။ လုပ်ဆောင်ချက်တွေမှာ ပါဝင်တာက • ချာလီမြင်း၊ အာဒမ်ရဲ့ပန်းသီး၊ အပိုနံရိုး၊ အဆစ်လွဲနေတဲ့ ခြေချင်းဝတ်၊ အစာအိမ်ထဲက လိပ်ပြာတွေ၊ ဒူးခေါင်းပေါ်ကရေ၊ စာရေးဆရာရဲ့ ကြွက်တက်ခြင်း၊ ဆွဲဆန့်ထားတဲ့ကြွက်သား၊ ထိခိုက်နေတဲ့နှလုံး၊ ငှက်ရိုး၊ ပေါင်မုန့်ခြင်းနဲ့ ရယ်စရာအရိုးတို့ပါဝင်တဲ့ ထူးခြားပြီး ပျော်စရာကောင်းတဲ့ ဖျားနာမှုဆယ့်နှစ်မျိုး။ • ဝင်္ကပါ- လူနာဆမ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှာဖွေဖော်ထုတ်ပြီး သူ့ရဲ့ "ညည်းညူသံ" ကို ဖယ်ရှားပေးလိုက်ပါ။ • ခွဲစိတ်ခန်းသုံး ကင်မရာ- လွဲချော်နေတဲ့နေရာကို ရှာဖွေဖို့ ခွဲစိတ်ခန်းသုံး ကင်မရာကိုချိန်ပါ (ပြီးတော့ မှန်ကန်အောင်ကုသပါ)။ • ‌ဆေးတွေပေးပါ- သင့်စက်ကိုစောင်းပြီး နေရာမှန်ကို ရွှေ့ပြောင်းကုသပါ။ • ပိုးမွှားတွေကိုဖယ်ရှားပါ- လူနာဆမ်ကိုဒုက္ခပေးနေတဲ့ ပိုးမွှားတွေကို ဖယ်ရှားလိုက်ပါ။ • "ချူချာ" တဲ့ ဘဝကိုရောက်လာတဲ့ လူနာဆမ်။ • လူနာဆမ်ကို ကုသဖို့နဲ့ နေကောင်းအောင်လုပ်ဖို့ နည်းလမ်းဆယ့်နှစ်မျိုး။ • ဖျားနာမှုတိုင်းအတွက် ထူးခြားတဲ့ "ဇာဂနာ" သုံးပုံ။ • အချိတ်အဆက်မိတဲ့ ပျော်စရာဇာတ်လမ်း။ • "အသေးစားဒဏ်ရာ" တိုင်းရဲ့နောက်ကွယ်က ဇာတ်လမ်းကိုလေ့လာပါ။ ဆမ် ဘာလို့ဒီလို ဖြစ်ခဲ့ရတာလဲ။ • ကလေးတွေ ကျန်းမာကြံ့ခိုင်အောင် နေနိုင်ဖို့ အသုံးပြုနိုင်တဲ့ "ရခဲ့တဲ့ သင်ခန်းစာတွေ" ကို ဆမ်က မျှဝေပေးပါတယ်။ • လှပတဲ့ သက်ဝင်လှုပ်ရှားမှုတွေ။ • "အချက်ပေးကိရိယာ"။
Operation
ဒေါင်းလုဒ်လုပ်ပြီး ကစားရန်
Operation

ယခု ခေတ်စားနေသည်များ

အသုံးပြုမှု စည်းမျဉ်းများ ကိုယ်ရေးလုံခြုံမှု မူဝါဒ
EULA ဥပဒေအရ အသိပေးချက်များ
© 2002-2024 Gameloft။ အခွင့်အရေးအားလုံးနှင့် သက်ဆိုင်သည်။ Gameloft နှင့် Gameloft လိုဂိုသည် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများတွင် Gameloft ၏ ကုန်တံဆိပ်ဖြစ်သည်။
အခြား ကုန်တံဆိပ် အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှု ဖြစ်သည်။