images/SVG/close-icon_white
Ugly
Ugly
Ugly ရဲ့ လျှို့ဝှက်ဆန်းကြယ်ကမ္ဘာထဲကို နက်နက်ရှိုင်းရှိုင်းဝင်ရောက်ပြီး ရှင်းလင်းစွာ သိမြင်တာနဲ့အမျှ ထိတ်လန့်စရာကောင်းလာတဲ့ အမှန်တရားတွေကိုရင်ဆိုင်ဖို့ အသင့်ပြင်ပါ။ မှန်ထဲက လျှို့ဝှက်ချက်ကို ရင်ဆိုင်ဖို့ သတ္တိရှိရဲ့လား။

အရွယ်အစား: 1292 MB
ပဟေဠိ
4.4
Ugly
Ugly
Ugly
Ugly
Ugly

မျက်နှာပြင်ရိုက်ချက်များ

ဖော်ပြချက်

အမှောင်ဒဏ္ဍာရီကနေ မိုဘိုင်းပဟေဠိ ပလက်ဖောင်းဂိမ်းဖြစ်လာတဲ့ Ugly မှာ နှိပ်စက်ခံထားရသူတစ်ဦးရဲ့ စိတ်ဝိညာဉ်ထဲကို မမေ့နိုင်စရာခရီးတစ်ခေါက် စတင်လိုက်ပါ။ ဆန်းသစ်တဲ့ ကြေးမုံမှန်ကို ကိုင်ပြီး သင်ကိုယ်တိုင်နဲ့ရော၊ ပဟေဠိတွေနဲ့ပါ မကြုံစဖူး ရင်ဆိုင်ဖြေရှင်းရမယ့် ကြေကွဲစရာ အဖြစ်ဆိုးကမ္ဘာကို ဖြတ်သန်းလိုက်ပါ။ အဓိက လုပ်ဆောင်ချက်များ - ဆန်းသစ်တဲ့ ကြေးမုံမှန်- နေရာတွေလဲဖို့၊ ပဟေဠိဖြေရှင်းဖို့နဲ့ စူးစမ်းရှာဖွေဖို့အတွက် ရှုထောင့်အသစ်တွေကို သော့ဖွင့်ဖို့ အရိပ်ရောင်ပြန်ဟပ်မှုကို ဖန်တီးပါ။ - နက်ရှိုင်းတဲ့ ဇာတ်ကြောင်း- ကြေကွဲနေတဲ့စိတ်ဝိညာဉ်ထဲကို နက်နက်ရှိုင်းရှိုင်း ရောက်သွားစေတဲ့ စာသားနည်းပြီး လေးနက်တဲ့ ဇာတ်လမ်းကို ဖော်ထုတ်ပါ။ သင်အောင်နိုင်ခဲ့တဲ့ ပဟေဠိအခန်းတိုင်းက သင့်ရဲ့တိမ်ဖုံးနေတဲ့အတိတ်ကို ရှင်းလင်းပြတ်သားစေမှာပါ။ - အမြင်အာရုံ ရင်သပ်ရှုမောစရာ- ခံစားချက်အလင်းရောင်ကနေ အလွန်သိမ်မွေ့တဲ့ အနုပညာပုံစံအထိ အသေးစိတ်တစ်ချက်ချင်းစီနဲ့ ဇာတ်ကြောင်းကို ဖော်ညွှန်းပေးထားပြီး အနုစိတ်ဖန်တီးထားတဲ့ ကမ္ဘာတစ်ခုမှာ စီးမျောခံစားလိုက်ပါ။ - စိတ်ဝင်စားစရာ ပဟေဠိတွေ- အနုစိတ် ဒီဇိုင်းထုတ်ထားတဲ့ ပဟေဠိအခန်းတွေကို အနိုင်ယူပါ၊ အခန်းတိုင်းက စိန်ခေါ်မှုအသစ်နဲ့ သင့်အတိတ်ရဲ့ အပိုင်းအစတစ်ခုကို ပေးပါတယ်။ - အမိုက်စား ‌ရန်သူ့တိုက်ပွဲတွေ- သင့်ရဲ့တုံ့ပြန်မှုကိုသာမက သင့်ရဲ့စိတ်ဆုံးဖြတ်မှုကိုပါ စမ်းသပ်တဲ့ မျှော်စင်ပေါ်က ရန်သူကြီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပါ။ - မြှုပ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေပါ- ဂိမ်းကစားမှု အတွေ့အကြုံအမျိုးမျိုး ရရှိစေဖို့ အလှည့်ကျ အဆုံးသတ်တွေနဲ့ လျှို့ဝှက်အခန်းတွေကို သော့ဖွင့်ပါ။ - အံ့မခန်းအသံဖျော်ဖြေမှုတွေ- သင့်ရဲ့ အလှည့်အပြောင်းများတဲ့ခရီးမှာ လှည့်ကွက်တစ်ခုစီတိုင်းကို ပြီးပြည့်စုံအောင် ဖြည့်စွက်ပေးတဲ့ ဝန်းကျင်တေးဂီတကို ခံစားလိုက်ပါ။ - ထိန်းချုပ်ကိရိယာ ပံ့ပိုးမှု- MFi ဘလူးတုသ် ထိန်းချုပ်ကိရိယာ ပံ့ပိုးမှုနဲ့ ဂိမ်းကို စဉ်ဆက်မပြတ် ချောချောမွေ့မွေ့ ကစားပါ။ ဂိမ်းရဲ့ ခေါင်းစဉ်က သူ့ရဲ့လှပတဲ့ အမှောင်ကမ္ဘာကို ဖော်ညွှန်းထားတာမဟုတ်ဘဲ သင်ဖော်ထုတ်ရမယ့် ထိတ်လန့်စရာ အမှန်တရားတွေကို ညွှန်းဆိုထားတာပါ။ သင့်ကိုယ်ထဲက အကျည်းတန်မှုကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား။
Ugly
ဒေါင်းလုဒ်လုပ်ပြီး ကစားရန်
Ugly

ယခု ခေတ်စားနေသည်များ

အသုံးပြုမှု စည်းမျဉ်းများ ကိုယ်ရေးလုံခြုံမှု မူဝါဒ
EULA ဥပဒေအရ အသိပေးချက်များ
© 2002-2024 Gameloft။ အခွင့်အရေးအားလုံးနှင့် သက်ဆိုင်သည်။ Gameloft နှင့် Gameloft လိုဂိုသည် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများတွင် Gameloft ၏ ကုန်တံဆိပ်ဖြစ်သည်။
အခြား ကုန်တံဆိပ် အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှု ဖြစ်သည်။