images/SVG/close-icon_white
1943 Deadly Desert
1943 Deadly Desert
1943 ခုနှစ်၊ မြောက်အာဖရိက။ အပြင်းထန်ဆုံး ဒုတိယကမ္ဘာစစ် တိုက်ပွဲမှာ အောင်ပွဲရဖို့ သင့်ရဲ့အင်အားစုတွေကို ဦးဆောင်ပါ။

အရွယ်အစား: 101 MB
အက်ရှင်နှင့် ဂိမ်းစက်
4.3
1943 Deadly Desert
1943 Deadly Desert
1943 Deadly Desert
1943 Deadly Desert
1943 Deadly Desert

မျက်နှာပြင်ဓာတ်ပုံများ

ဖော်ပြချက်

သဲကန္တာရ နယ်မြေများအတွက် အက်ရှင်ပုံစံ ဒုတိယကမ္ဘာစစ် တိုက်ပွဲများက သင့်ကို စောင့်ကြိုနေပါတယ်။ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်တဲ့ သင့်ရဲ့ စဉ်းစားဉာဏ်နဲ့ ခေါင်းဆောင်မှု စွမ်းရည်များက အနိုင်၊ အရှုံးကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ သမိုင်းကြောင်းတစ်လျှောက် အခက်ခဲဆုံးတိုက်ပွဲမှာ သင် ရှင်သန်နိုင်မှာလား။ 1943 – ပူပြင်းပြီး ဖုန်ထနေတဲ့ လေတွေက စခန်းကို ဖြတ်တိုက်သွားပါတယ်။ ကင်းထောက်တွေက များပြားလှတဲ့ Wehrmacht တပ်စုကြီးတွေအကြောင်းကို သတင်းပို့လာပါတယ်။ သဲကန္တာရမြေခွေးက အနောက်ဘက်အိုအေစစ်ဆီကို ဦးတည်ပြီး အလျင်အမြန်ပဲ ဖိအားပေးနေပါတယ်။ တိုက်ပွဲအတွက် အသင့်ဖြစ်နေတဲ့ ဗြိတိသျှတပ်သားတွေက ကျူးကျော်မှုကို ခုခံဖို့ သတိကြီးကြီးထားနေကြပါတယ်။ တစ်ချိန်တည်းမှာပဲ Axis အင်အားစုတွေက အသက်တမျှအရေးကြီးတဲ့ ပြန်လည်ပံ့ပိုးရေးစင်တာကို သဲကြီးမဲကြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပြီး တင့်ကားတပ်တွေ၊ အမြောက်တပ်တွေ၊ ထောက်ပံ့ရေးယာဉ်နဲ့အတူ သူတို့ရဲ့ နောက်ထပ်တိုက်ပွဲအတွက် လမ်းခရီးမှာ ရောက်နေကြပါတယ်။ သင် ဘယ်ဘက်ကို ရွေးချယ်မှာပါလဲ။ အကြွင်းမဲ့ ကမ္ဘာစစ် ဒါက မဟာမိတ်အင်အားစုတွေနဲ့ Axis အင်အားစုတွေကြားက နောက်ဆုံး အဆုံးအဖြတ်ပေးတဲ့ ဒုတိယကမ္ဘာစစ် တိုက်ပွဲပါ။ သင့်ရဲ့လမ်းကြောင်းကို ရွေးချယ်ပြီး သင့်ရဲ့စစ်တပ်ကို အောင်ပွဲဆီ ဦးဆောင်ပါ။ အလှည့်ကျကစားရသော နည်းဗျူဟာမြောက် စစ်ပွဲ မှန်ကန်တဲ့ စစ်ပွဲနည်းဗျူဟာက သူမတူတဲ့ အောင်ပွဲရဲ့ သော့ချက်ဖြစ်ပါတယ်။ စစ်မြေပြင်မှာ သင့်ရဲ့အရာရှိတွေကို ညွှန်ကြားချက်တွေပေးပါ။ ဒါတွေက သူတို့ရဲ့ညွှန်ကြားချက်အောက်မှာ တာဝန်ထမ်းတဲ့ တပ်သားတွေကို စိတ်ခွန်အား တက်ကြွပြီး သန်မာလာစေပါလိမ့်မယ်။ အန္တရာယ်များသော မစ်ရှင်များ အားလုံးထဲမှာ အထူးချွန်ဆုံးသော ဗိုလ်ချုပ်ကြီး ဖြစ်လာပြီး သင့်ရဲ့ နည်းဗျူဟာမြောက် စွမ်းရည်တွေကို မတူညီတဲ့ စစ်ပွဲကမ်ပိန်းတွေမှာ သက်သေပြလိုက်ပါ။ မစ်ရှင်အသစ်များ၊ မြေပုံအသစ်များနဲ့ ဇာတ်လမ်းအသစ်များကို လော့ခ်ဖွင့်ပါ။ များပြားလှသော လက်နက်ခဲယမ်းများ သင့်ရဲ့ နည်းဗျူဟာမြောက် အခွင့်အလမ်းတွေမှာ ကန့်သတ်ချက်ဆိုတာ မရှိသလောက်ပါပဲ။ တင့်ကားတွေ၊ စစ်လေယာဉ်တွေ၊ ခြေလျင်တပ်၊ လေထီးစစ်သည်တွေ၊ အမြောက်တပ်နဲ့ အခြားသော များပြားလှသည့် အားကောင်းသော အင်အားစုတွေ၊ လက်နက်တွေနဲ့ တိုက်ခိုက်ပါ။ စစ်မြေပြင်အမျိုးမျိုး ကုန်းကြောင်းနဲ့ လေကြောင်းဖြင့် ရန်သူ့မျဉ်းတွေကို ထိုးဖောက်ချိုးဖျက်ပါ။ သင့်ရဲ့စစ်သားတွေကို တိုက်ပွဲဆီ ဦးဆောင်ပြီး အာဖရိကရဲ့ သမိုင်းဝင်စစ်မြေပြင်တွေပေါ်မှာ သင့်ရဲ့ရန်သူတွေကို ချေမှုန်းပစ်ပါ။ အကောင်းဆုံးနည်းဗျူဟာ သင့်ရဲ့ နည်းဗျူဟာမြောက် ပင်ကိုစွမ်းရည်အတွက် ယူနစ်အသစ်များစွာ။ ဖွတ်ဖွတ်ညက်ညက်ကြေစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ညွှန်ကြားပါ ဒါမှမဟုတ် အင်အားကြီး ချီတက်မှုကို အမိန့်ပေးပါ။ လောင်းကြေးက မြင့်ပေမယ့် ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲရဲ့ ဆုက စောင့်ကြိုနေပါတယ်။ အင်္ဂါရပ်များ- - အလှည့်ကျကစားရသော နည်းဗျူဟာချရသည့် ဒုတိယကမ္ဘာစစ်ကာလ အက်ရှင် - စိတ်လှုပ်ရှားရသော ကမ်ပိန်းများနှင့် စိန်ခေါ်မှုများသော မစ်ရှင်များ - အလွန်ကောင်းသောဆုများပေးသည့် အဆက်မပြတ် အပ်ဒိတ်လုပ်ထားသော ဉာဏ်စမ်းများ - နည်းဗျူဟာချရသည့်ဂိမ်းကို နှစ်သက်သူတိုင်းအတွက် ရှိကိုရှိထားရမည့်အရာ - မတူညီသော စစ်တပ်ယူနစ်များစွာ - အသေးစိတ်ကျသော ဂရပ်ဖစ်နှင့် ကောင်းမွန်လှသော အသံထွက်များ
1943 Deadly Desert
ဒေါင်းလုဒ်လုပ်ပြီး ကစားရန်
1943 Deadly Desert

ယခု ခေတ်စားနေသည်များ

အသုံးပြုမှု စည်းမျဉ်းများ ကိုယ်ရေးလုံခြုံမှု မူဝါဒ
အသုံးပြုသူလိုင်စင်သဘောတူညီချက် ဥပဒေသတိပေးချက်များ
© 2002-2024 Gameloft။ မူပိုင်ခွင့်အားလုံး လက်ဝယ်ရှိသည်။ Gameloft နှင့် Gameloft လိုဂိုများသည် US နှင့်/သို့မဟုတ် အခြားနိုင်ငံများရှိ Gameloft ၏ ကုန်သွယ်မှုအမှတ်တံဆိပ်များဖြစ်သည်။
အခြားကုန်အမှတ်တံဆိပ်များအားလုံးသည် သက်ဆိုင်ရာပိုင်ရှင်များ၏ ပိုင်ဆိုင်မှုဖြစ်သည်။