images/SVG/close-icon_white
Reigns: Game of Thrones
Reigns: Game of Thrones
သံပလ္လင်ပေါ်မှာ ထိုင်ပါ။ Westeros ကို ပြန်လည်မြင်ယောင်ကြည့်ပါ။

အရွယ်အစား: 135 MB
အက်ရှင်နှင့် ဂိမ်းစက်
5
Reigns: Game of Thrones
Reigns: Game of Thrones
Reigns: Game of Thrones
Reigns: Game of Thrones
Reigns: Game of Thrones

မျက်နှာပြင်ရိုက်ချက်များ

ဖော်ပြချက်

Nerial နဲ့ Devolver Digital ရဲ့ နာမည်ကြီး ပွတ်ဆွဲဂိမ်းစီးရီး Reigns နဲ့ ဆုရ HBO® တီဗီစီးရီး Game of Thrones® ရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။ Melisandre ရဲ့ မီးရဲရဲတောက်နေတဲ့ အမြင်အာရုံကနေတစ်ဆင့် Cersei Lannister၊ Jon Snow၊ Daenerys Targaryen စတဲ့လူတွေအဖြစ် ဘုရင့်နိုင်ငံခုနစ်နိုင်ငံရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေနဲ့ ပြင်းထန်တဲ့ ဂိုဏ်းကွဲမှုတွေကို ဖြေရှင်းဖို့ သေချာနည်းလမ်းရှာကာ သံပလ္လင်ကို အရယူပါ။ နိုင်ငံရေးပြိုင်ဘက်တွေကို ပါးပါးနပ်နပ်နဲ့ လှည့်စားဖို့ ရက်စက်တဲ့ နည်းပရိယာယ်တွေကို အသုံးချပြီး သစ္စာမရှိတဲ့လက်အောက်ခံတွေကို အမှုမထားတဲ့စိတ်ကို ကိုင်စွဲထားပါ။ သင့်ရဲ့ထီးနန်းကာလကို သက်တမ်းတိုးဖို့ ပြည်သူတွေရဲ့ ဟန်ချက်ညီမှုနဲ့ နှစ်သက်မှုကို ထိန်းသိမ်းထားပြီး လာမယ့်ဆောင်းရာသီရဲ့ တစ်နေ့နေ့မှာ ကြောက်မက်ဖွယ် ဆိုးရွားမှုတွေကနေ ရှင်သန်လွတ်မြောက်စေပါလိမ့်မယ်။ အထင်ကြီးလောက်စရာ ဇာတ်ကောင်သရုပ်ဆောင်များ- Cersei Lannister၊ Jon Snow၊ Daenerys Targaryen၊ Tyrion Lannister၊ Sansa Stark စတဲ့လူတွေအဖြစ် သံပလ္လင်ပေါ်ကနေ အုပ်ချုပ်ပါ‌။ သက်ဆိုင်ရာ ဇာတ်လမ်းတွေအလိုက် ထူးခြားတဲ့ စိန်ခေါ်မှုတွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ရင်ဆိုင်ဖို့ သင်သော့ဖွင့်ထားတဲ့ ရှင်ဘုရင်နဲ့ မိဖုရား တစ်ဦးကနေ တစ်ဦးသို့ ပြောင်းလဲဆော့ကစားပါ။ သင့်ဆန္ဒကို ဆုံးဖြတ်ပါ- Westeros ပြည်သူတွေရဲ့ ပြင်းပြလှတဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ခန့်မှန်းမထားတဲ့ တောင်းဆိုချက်တွေကို ကြားရတဲ့အခါ ဘုရင့်နိုင်ငံ ခုနစ်နိုင်ငံရဲ့ ကံကြမ္မာကို ထာဝရပြောင်းလဲဖို့ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကို ပွတ်ဆွဲပါ။ ဇာတ်ကောင်တစ်ခုခုက စိတ်အနှောင့်အယှက်ဖြစ်စေရင် သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ဘုရင်မင်းမြတ်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ သူတို့ရဲ့ကတ်ကို နှစ်ပိုင်းဆွဲဖြဲနိုင်ပါတယ်—ဒါပေမဲ့ ဘာတွေပေးဆပ်လိုက်ရမလဲ။ Westeros ကို ပြန်လည်မြင်ယောင်ကြည့်ပါ- Melisandre ရဲ့ အမြင်အာရုံက သင်ကစားရမယ့်နေရာဖြစ်ပြီး သံပလ္လင်ပေါ်မှာထိုင်မယ့်လူတွေရဲ့ ကံကြမ္မာအမျိုးမျိုးကို စိတ်ကူးယဉ်ကြည့်ဖို့ တီဗီစီးရီးတွေထက် အများကြီးပိုသာပါတယ်။ Cersei အဖြစ် ဆော့ပြီး Great Sept of Baelor ကို ပြန်လည်တည်ဆောက်ပါ ဒါမှမဟုတ် Sansa Stark က Jaime Lannister နဲ့လက်ဆက်ခဲ့ရင် ဖြစ်လာမယ့် ဘုရင့်နိုင်ငံ ခုနစ်နိုင်ငံရဲ့ လမ်းကြောင်းကို ရှာဖွေပါ။ တော်ဝင် ဂိမ်းအသေးစားများ- အာဏာအရှိဆုံး အုပ်စိုးသူတွေတောင် သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဘေးဖယ်ထားပြီး တစ်ခါတလေ အသေးအဖွဲကိစ္စတွေမှာ ပါဝင်ဖို့ လိုပါတယ်။ မြင်းစီးချင်းထိုးတာကနေ အရက်ဆိုင်ရန်ပွဲတွေအထိ အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတွေမှာလည်း သူ့အကျိုးဆက်နဲ့သူ ရှိပါတယ်။ ပိုပြီးကြီးကျယ်ခမ်းနားတဲ့ Reigns- သင်သိပြီးသား ဇာတ်လမ်းတွေကို ရိုးရိုးရှင်းရှင်း ပြန်ပြောပြတာမျိုးလောက် မဟုတ်ဘဲ စွန့်စားခန်းအသစ်တွေကို သင့်စိတ်ကြိုက် ဖန်တီးနိုင်စေတဲ့ စီးရီးထဲကို ထဲထဲဝင်ဝင် ဝင်ရောက်ဆော့ကစားနိုင်တာကြောင့် Reigns စီးရီး ပရိသတ်တွေက ကျေနပ်အားရကြမှာပါ။ ကျော်ကြားတဲ့ တေးသီချင်း- Ramin Djawadi ရေးစပ်ထားတဲ့ HBO စီးရီးရဲ့ အရှိန်အဟုန်မြင့် တေးသီချင်းထဲ စီးမျောခံစားရင်း Westeros နဲ့ သင့်နိုင်ငံမှာ နေထိုင်သူတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပါ။ ©2018 Home Box Office, Inc. မူပိုင်ခွင့်အားလုံး လက်ဝယ်ရှိသည်။ HBO နှင့် ဆက်စပ် ကုန်အမှတ်တံဆိပ်များသည် Home Box Office, Inc. ၏ ပိုင်ဆိုင်မှုဖြစ်သည်။
Reigns: Game of Thrones
ဒေါင်းလုဒ်လုပ်ပြီး ကစားရန်
Reigns: Game of Thrones

ယခု ခေတ်စားနေသည်များ

အသုံးပြုမှု စည်းမျဉ်းများ ကိုယ်ရေးလုံခြုံမှု မူဝါဒ
EULA ဥပဒေအရ အသိပေးချက်များ
© 2002-2024 Gameloft။ အခွင့်အရေးအားလုံးနှင့် သက်ဆိုင်သည်။ Gameloft နှင့် Gameloft လိုဂိုသည် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများတွင် Gameloft ၏ ကုန်တံဆိပ်ဖြစ်သည်။
အခြား ကုန်တံဆိပ် အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှု ဖြစ်သည်။